Wednesday, November 23, 2011

***လျှို့ ဝှက်နံပါတ်လေးရှိခဲ့ရင်***

ငါချစ်ရတဲ့ မိဘ.....
ငါချစ်ရတဲ့ မောင်နှမ.....
ငါချစ်ရတဲ့ သူငယ်ချင်း.....
ငါချစ်ရတဲ့ မိတ်ဆွေတွေ......
ငါချစ်ခဲ့ရတဲ့ ပစ္စည်းဥစ္စာ.........
ဒီအရာတွေနဲ့ ဝေးကွာချိန်ခဏ.....
ဒီရင်ဘတ်ထဲ ဘယ်လောက်လွမ်းလှ..
ငါနှလုံးသားမောပန်းလွန်းပြီ ဘယ်သူသိခဲ့ပါသလဲ...
ဖွင့်ဟပြောဖို့ အင်အားမရှိ.....
ပြောခဲ့ပြန်လဲ ကင်းမဲ့ယုံကြည်.....
လိုရင်းမရောက် လမ်းတဝက်လယ်။
အယုံကြည့်မဲ့ ခံ ငါသည်ညံ့ဖျင်း.....
ငါသာ ယုတ်ညံ့ အများထင်မြင်.....
ဒီရင်ဘတ်ထက် ခံစားချက်နှင့် .....
ဒီလုပ်ရပ်တွေ လွန်နေသယောင်....
ငါရတာနဲ့ ထိုက်သင့်တဲ့ အရာ..
စေတနာပိုကာ ငါချစ်ခဲ့၏။
ငါရင်ထဲမှာရှိနေတာတွေငါသာသိ၏။
အကယ်၍သာ ငါရင်ထဲကလျှို့ ဝှက်ချက်တွေ...
ထိန်းချုပ်ထားတဲ့  လျှို့ ဝှက်နံပါတ်လေးသာရှိခဲ့ရင်ဖြင့်.....
ပေးလိုက်ချင်သေးရဲ့ ...ငါ့စေတနာ မေတ္တာတွေ ....
ဘယ်လောက်ဖြူစင်တာ ကိုမြင်စမ်းစေချင်တယ်ကွယ်။

သက်ထားခံစားချက်လေးတွေဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်..........
 နိုဝင်ဘာ 23 2011(2:11pm)

1 comment:

  1. ဒီကဗျာလေးကြိုက်တယ်ညလေးရေ
    အားပေးနေမယ်နော်

    ReplyDelete