Monday, May 7, 2012
မြန်မာဖြစ်တာရှက်စရာလား???
  နိုင်ငံခြားယောက်မြန်မာတယောက်အေ
နနဲ့  
ကိုယ်တွေ့ အဖြစ်ပျက်ဆောင်းပါလေးရေးပေးပါလားညီမလေးလို့ 
သက်ထားကိုပြောနေတာကြာပါပြီ။ဒါနဲ့ ပဲရေးဖြစ်တာက မြန်မာတွေမြန်မာဖြစ်ရတာရှက်နေတဲ့ အကြောင်းလေးကိုပါ။
သက်ထားတို့ နေတဲ့ ထိုင်းမှာ မြန်မာအလုပ်သမားအများကြီးပါ။ထားဝယ်လူမျိုး မွန်လူမျိုး ကရင်လူမျိုးတွေများပါတယ်။
ဘာလူမျိုးပဲဖြစ်ဖြစ် သူတို့ ဟာ မြန်မာနိုင်ငံဆိုတဲ့ မြေကြီးပေါ်မှာမွေးဖွါးလာကြတာပါပဲ။မြန်မာသွေးပါနေတာတော့အသေချာပဲလေ။
ဈေးဆိုင်တဆိုင်ဈေးသွားဝယ်ကြည့် ဈေးရောင်းသူရဲ့ ပြောဆိုသံကိုနားထောင်ပြီး မြန်မာလူမျိုးလား ထိုင်းလူမျိုးလားဆိုတာသိနိုင်ပါတယ်။
မြန်မာမှန်းသိလို့  ကိုယ်ကမြန်မာလို ပြောကြည့် သူတို့ ကမကြိုက်ဖူးရှင့် မြန်မာမှန်းသိသိကြီးနဲ့  ကိုယ့်ကိုမြန်မာလို မပြောရကောင်းလားဆိုပြီးစိတ်တိုမိပါတယ်။
အဲ့ လိုသူကမြန်မာလိုမပြောပဲထိုင်းလိုပြောပြန်တော့ ကိုယ်ပြောတဲ့ စကားကိုသူကနားလည်လားဆိုတော့လဲ လုံးစေ့ပတ်စေ့နားမလည်ပြန်ပါဘူး။
ဒါနဲ့ ဆိုင်ရှင်လာမှ ဆိုင်ရှင်နဲ့ ကိုယ်နဲ့ ပြောမှကိုယ်ပြောတဲ့ ပစ္စည်းရပါတယ်။တကယ်ဆိုကိုယ်မြန်မာပဲ မြန်မာစကားပြောတတ်တာပဲ ပြောတတ်တဲ့ စကားကိုမပြောပဲ။
ကိုယ့်ကိုမြန်မာမှန်းသိမှာဆိုးလို့  ထိုင်းလိုမှုတ်တော့ရော ထိုင်းလိုကောင်းကောင်းမရ အဲ့ဒါမှပိုတောင်အရှက်ကွဲသေးတယ်။
 တရက်ကမှတ်မှတ်ရရ(၂၃.၄.၂၀၁၂)ကပါ။ထိုင်းကမြဘုရားကိုသက်ထားဆိုင်ရှင်နဲ့ လိုက်သွားပါတယ်။
အပြန်ရောက်တော့ ယိုးဒယားသဘောင်္သီးထောင်းဝင်စားကြပါတယ်။
အဲ့ ဒီ့ဆိုင်ကဆိုင်ရှင်ကလွဲလို့  ကျန်တာမြန်မာတွေချည်းပါပဲ။စားဖိုမှူးကအစမြန်မာပါပဲ ထိုင်းနိုင်ငံရုပ်ရှင်မင်းသားမင်းသမီးတွေတောင်အမြဲလာစားကြတဲ့ ဆိုင်ပါ။
သက်ထားချီးကျူးမိပါတယ် ကိုယ့်မြန်မာတွေ တိုင်းတပါးကနာမည်ကြီးစားသောက်ဆိုင်မှာစားဖိုမှူးဖြစ်ခွင့်ရလို့ လေ။ကိုယ့်လူမျိုးကွ လို့ ဂုဏ်ယူစိတ်နဲ့ စိတ်ထဲကကျိတ်ပြီးရေရွတ်မိပါတယ်
ဒါပေမဲ့ သူ့ တို့ ကိုချီးကျူးမိတာခဏပါ ချီးကျူးချင်စိတ်တောင်ဘယ်ပျောက်သွားလဲမသိပါဘူး။
စားစရာမှာတော့ သက်ထားနဲ့ အတူပါပဲသက်ထားဆိုင်ရှင်ထိုင်းမ ဟာဟိုဟာပေးပါ ဒီဟာပေးပါ။
သူလိုအပ်တာတွေမှာတာပေါ့။ဒီတော့သက်ထားတို့ စားပွဲကိုတာဝန်ယူတဲ့ မြန်မာမလေးဟာ"မပေးဘူး"မြန်မာလိုပြောတာပါ။
သူကသက်ထားကိုမြန်မာမှန်းသိပုံမပေါ်ဘူး။သူပြောတာကိုနားမလည်ရှာတဲ့ ထိုင်းမ က သက်ထားကိုလာမေးတယ်။ဘာပြောတာလဲတဲ့ 
သူပြောတဲ့ ဟာကိုသာပြောလိုက်ရင်ထိုင်းမ က ကိုယ့်မြန်မာကိုစိတ်ကွပ်မယ်ပြီးရင်ဆိုင်ရှင်ကိုပြောပြီး အလုပ်ထုတ်လိုက်နိုင်တယ်လေ။
ဒါကြောင့် သက်ထားကမသိသလိုမကြားသလိုလုပ်လိုက်မိပါတယ်။
အားလုံးလဲစားသောက်ပြီးလို့ ပိုက်ဆံရှင်းတော့ ထိုင်းမ က သူတို့ တွေကိုချီးမွမ်းတာကဒီလိုပါ။
"ဆိုင်ကမြန်မာမလေးတွေအကုန်လှတယ်နော် စားစရာတွေကလဲအကုန်စားကောင်းတယ် တော်လိုက်တာ"
ဒါကိုကောင်မလေးကဂုဏ်ယူပြုံးလေးပြုံးရမဲ့ အစား ထိုင်းမ ကသူ တို့ ကိုနှိမ်တယ်လို့ ယူဆပြီးဒီလိုပြောတာရွဲ့ ပြောတာလို့ မှတ်ယူနေပါတယ်။
သူတို့ အချင်းချင်း တွတ်ထိုးနေတာသက်ထားကြားခဲ့ ရပါတယ်။
"ထိုင်းတွေများအံ့သြပါရဲ့မြန်မာမှန်းသိသိကြီးနဲ့ မြန်မာမြန်မာနဲ့ ခဏခဏပြောနေကြတယ်"တဲ့  ကဲ စဉ်းစားကြည့်ကိုယ်မြန်မာမို့ သူတို့ မြန်မာလို့ မှတ်ယူတာ နာစရာလားရှင်။
မြန်မာလူမျိုးဖြစ်ရတာ ဘာတွေများရှက်စရာဖြစ်နေလဲလို့ သိချင်ပါတယ်။
"မြန်မာနိုင်ငံကြီးက ဘာမဆိုသူများနောက်ကောက်ကျနေလို့ "တဲ့ 
မြန်မာနိုင်ငံကြီးနောက်ကောက်ကျတာ ကျတော့ပြောတယ် သူတို့ ဆက်ဆံပုံကအောက်တန်းကျနေတာကျတော့ထည့် မပြောဘူးနော်။
အဲ့ လိုလူတွေများနေလို့  မြန်မာနိုင်ငံဒီလိုဖြစ်နေတာ ထင်းစည်းပုံပြင် လိုပေါ့။
အနဲနဲ့ အများ အများကိုဖြိုခွဲလို့ မရဘူး။အနဲကိုဖြိုခွဲလို့ ရတယ်ဆိုတာ မူလတန်းကျောင်းထိပညာတတ်ထားတဲ့ သူတွေအကုန်သိလောက်ပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့် လူမျိုး ကိုယ့်စာပေ ကိုယ့်စကားကို ကိုယ်ကိုတိုင်ချစ်မှရမယ်လေ။သူများနိုင်ငံမှာအကြောင်း ကြောင်းကြောင့်လုပ်ကိုင်စားသောက်နေရလဲ မြန်မာအချင်းချင်းစည်းလုံးကြမယ်ဆိုရင်
အလုပ်ရှင်တွေ အလုပ်သမားတွေကိုချိုးနှိမ်တယ်ဆိုတာတွေ လဲကြားရမှာမဟုတ်ပါဘူး။
ဒီလိုခံနေကြရတာ ကိုယ့်လူမျိုးကို ကိုယ်မချစ် မခင်တွက်လို့ ပါပဲ။
            မြန်မာလူမျိုးတယောက်ကမြန်မာ မဖြစ်ချင်တဲ့ သက်ထားလက်ရှိဆိုင်မှာ သက်ထားနဲ့ လုပ်ဖေါ်မြန်မာအလုပ်သမားတယောက်ရှိပါတယ်။
သူက ကရင်လူမျိုးပါ။သက်ထားဒီဆိုင်ကိုအလုပ်စဝင်တဲ့ နေ့ က သူ့ ကိုမြန်မာလို့ နှတ်ဆက်မိပါတယ်။သူက ဘာမှပြန်မပြောဘူးရှင့် ပြုံးတောင်ပြုံးမပြပါဘူး။
တအောင့်လောက်ကြာတော့မှ သူကထိုင်းလိုလာပြောတယ် သူထိုင်းကိုရောက်တာ(၁၁)နှစ်ရှိပြီမို့  မြန်မာစကားမပြောတတ်တော့လို့ ပါတဲ့ 
ရယ်စရာသိပ်ကောင်းတာပဲရှင်။သက်ထားကိုမမွေးခင်ထဲက သက်ထားမိဘတွေထိုင်းကိုရောက်နေတာပါ။သက်ထားမိဘတွေ ထိုင်းမှာနေလာတာ ခုဆိုသက်ထားအသက်ထက်တောင်ကျော်နေပါပြီ။
သက်ထားကိုလဲထိုင်းမှာမွေးခဲ့ တာပါ အသက်(၂၂)နှစ်တောင်ရောက်ခဲ့ ပြီ။
ဒါပေမဲ့ သက်ထားမြန်မာလူမျိုးစစ်စစ်ပါလို့ လူတိုင်းကိုပြောခဲ့ ပါတယ်။သက်ထားကျောင်းနေအရွယ်ရောက်တော့မိဘတွေကမြန်မာစစ်စစ်မို့  ဘယ်မြေပေါ်မှာမွေး မွေး ကိုယ့်သမီးဟာမြန်မာပဲ မြန်မာစာပေပညာတတ်ရမယ်ဆိုပြီး မြန်မာနိုင်ငံကိုပို့ ပြီးကျောင်းထားခဲ့တာပါ။
ထားပါတော့ ဒါဟာသက်ထားမိဘတွေနေလာတဲ့ အချိန်ကာလနဲ့  သက်ထားလုပ်ဖေါ်ကိုင်ဖက်မြန်မာမလေးရဲ့(၁၁)နှစ်ဆိုတဲ့ ကာလကိုနှိုင်းယှဉ်ပြတာပါ။
ဒီလိုသာဆိုရင်သက်ထားမိဘတွေလဲမြန်မာစကားမပြောတတ်တော့ဘူးတဲ့ လား။
သူ့ လို(၁၁)နှစ်လောက်နဲ့  မြန်မာစကားကိုမပြောတတ်တော့ဘူးတဲ့  ညနေအလုပ်သိမ်းလို့ သက်ထားမိဘတွေဆီဖုန်းဆက်ရင်သက်ထားပြောသမျှသူအကုန်နားလည်တယ်။
သက်ထားလိုင်းပေါ်တက်လို့  စာလေး ကဗျာလေးတွေဖတ်ရင် သူလဲလာဖတ်တယ်။
ပြောတဲ့ စကားလဲနားလည်တယ် ဖတ်လဲဖတ်တတ်တဲ့ သူကမပြောတတ်ဖူးဆိုတာသိပ်ထူးဆန်းပါတယ်။
သူ့ ကိုသက်ထားအမြဲပြောတယ် မြန်မာစကားမပြောတာနဲ့ ပါတ်သက်ပြီး အမြဲစကားနာထိုးခဲ့တယ်။
နောက်ပြီးသူပြောသေးတယ် မြန်မာပြည်ပြန်ရင် ထမီမဝတ်ချင်ဘူးတဲ့  သက်ထားအရမ်းအံ့သြမိပါတယ်ရှင်။
သူလို မြန်မာလူမျိုးတယောက်မြန်မာပြည်ကမွေးလာတာသက်ထားရင်နာရပါတယ်။
သူ့ နေရာအလိုက်ဝတ်စားဆင်ယင်ရမှာမှန်ပါတယ်။သက်ထားလဲထိုင်းကသူတွေဝတ်သလိုဝတ်တာပါပဲ။
ဒါပေမဲ့ သူ့ လို မြန်မာထမီနဲ့ အကျီင်္ံဝတ်ရမှာကြောက်တယ်မဝတ်ချင်ဘူးဆိုတာမျိုးစိတ်တော့နဲနဲလေးမှမတွေးခဲ့မိပါဘူး။
သက်ထားမြန်မာပြည်ပြန်တုန်းက မြန်မာဝတ်စုံလေးတွေဝတ်ရတာအရမ်းကျေနပ်တယ်။
မိဘတွေကတောင် လူကြားထဲထမီ မမြဲပဲဖြစ်မယ်တဲ့  ။သက်ထားမြန်မာမိန်းခလေးတယောက်ပါ ထမီဆိုတာကိုမြန်မာမိန်းခလေးတယောက်ဖြစ်ပြီးမဝတ်တတ်ဖူးလို့ ပြောတာမခံချင်ပါဘူး။
မခံချင်လို့ လဲဝတ်ခဲ့တယ် ကျန်တဲ့ မြန်မာမိန်းခလေးတွေကိုလဲဒီလိုပဲဖြစ်စေချင်တယ်။
ရောမ ရောက်ရင်ရောမလိုကျင့်ရမယ်ဆိုသလို ရောမကပြန်လာရင်တော့ကိုယ်နေရာကအဝတ်စားကိုတော့မြတ်နိုးသင့်ပါတယ်။
မြန်မာဝတ်စုံလေးဟာကိုယ့်ကိုယုံကြည်စိတ်ချမှု့ ရှိစေတယ်။
ဘာလို့ လဲဆိုတော့မြန်မာယောကျာင်္းလေးအများစုဟာမြန်မာမိန်းခလေးတွေကိုမြန်မာလိုဝတ်ဆင်တာကိုသဘောကျကြတယ်
မြန်မာလိုလေးဝတ်ထားလို့ ကဲ့ ရဲ့မဲ့ သူမရှိပါဘူး ချီးမွမ်းမဲ့ သူသာရှိလာမှာပါ။
သက်ထားတော့မြန်မာပြည်ကထုတ်တဲ့ ချည်ထည် ပိုးထည်လေးတွေကိုသဘောကျတယ်။
ချည်ထည် ပိုးထည်မှမဟုတ်ဖူး မြန်မာပြည်ကပစ္စည်းမှန်သမျှကြိုက်တယ်လို့ ပြောရဲပါတယ်။
မြန်မာပြည်ကဆန်ရေစပါးပေါတယ်။မြေအောက်သယံဇာတတွေပေါတယ်။လည်ပါတ်ချင်စရာ အပန်းဖြေစရာတွေပေါတယ်။
ဆန်စပါးတွေပေါတယ် သယံဇာတတွေထွက်တယ် ဒါပေမဲ့ ကိုယ်တွေမသုံးရဘူး နိုင်ငံခြားပဲပို့ နေတာလို့ မတွေးပါနဲ့ ။
နိုင်ငံတကာက မြန်မာနိုင်ငံမှာဒါတွေပေါတယ်လို့ ချီးကျူးမှု့ ကိုဂုဏ်ယူတတ်အောင်ယူပါ။
ဒီပစ္စည်းတွေကိုယ်မသုံးရပေမဲ့  သူများနိုင်ငံကချီးမွမ်းချင်းခံရတယ်။
သူများနိုင်ငံတွေ တော်ကြာငလျှင် တော်ကြာရေကြီး တော်ကြာဆူနာမိ။
မြန်မာနိုင်ငံလဲမခံရဘူးမဟုတ်ပါဘူး ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်အနဲကျဉ်းလောက်ပါပဲ။
တကယ်ဆိုရင်မြန်မာလူမျိုးအဖြစ်တခြားနိုင်ငံမှာနေရတာဂုဏ်ယူပါတယ်။
သူတို့ ဆီမှာစေတီပုထိုးဆိုတာရေတွက်လို့ ရတယ်။မြန်မာနဲ့ လာယှဉ်မလား သူတို့ နိုင်ငံမှာရှိတယ်ဆိုတာမြန်မာပြည်ကတောရွာလေးတခုကစေတီပုထိုးလောက်ပဲရှိတာပါ။
တနေရာသွားလို့ ရေဆာရင် နီးရာဈေးဆိုင်ဝင်ဝယ်မှရတာ မြန်မာပြည်မှာရေကုသိုလ်ရှင်တွေပေါမှပေါ။
ဆိုင်ကဝယ်ရင်ရေခဲသေတ္တာထဲကအေးအေးလေးရပေမဲ့  မြန်မာပြည်ကရေကုသိုလ်ကရေခဲသေတ္တာမပါပဲသဘာဝမြေကြီးအိုးနဲ့ အေးစိမ့်နေတာမြန်မာလူမျိုးတယောက်အနေနဲ့ မသိပဲမနေပါဘူးနော်။
အသီးအနှံဆိုလဲ သူတို့ နိုင်ငံမှာဓါတ်မြေသြဇာတွေအများကြီးကျွေးပြီး ထွက်လာတဲ့ အသီးအနှံရဲ့အရသာဟာ
မြန်မာပြည်ကအရသာနဲ့ ယှဉ်လို့ မရပါဘူး။သူတို့ မှာမြေအောက် ရေအောက်သယံဇာတကအစ မြန်မာကရောင်းမှသုံးရစွဲရတာ။
သူတို့ တွက်မြန်မာပြည်ဟာအရမ်းအရေးပါနေတာထင်ပေါ်နေပါတယ်။
ခုဆိုမြန်မာနိုင်ငံကြီးဟာအရင်လိုမဟုတ်ပဲ တိုးတက်လာပြီလေ ဒီချိန်မှာသူတို့ ကြောက်နေတာရှိတယ်။
"မြန်မာလူမျိုးတွေ သူတို့ ဆီမှာအလုပ်မလုပ်တော့ပဲ သူတို့ မြန်မာနိုင်ငံကိုသာပြန်သွားကြရင် ငါတို့ တော့ရေစုန်မျှောပြီ"တဲ့ 
ကဲ ဒီလောက်ဆို မြန်မာပြည်ဟာ အစစ အရာရာသူများထက်သာတယ်ဆိုတာပေါ်လွင်ပါပြီနော်။
ဒါကြောင့် မြန်မာလူမျိုးချင်းစည်းလုံးမယ်။
တဦးပေါ်တဦးကူညီဖေးမမယ်။
ကိုယ့် ကိုကိုယ်မြန်မာလူမျိုးလို့ ခံယူရဲမယ်။
ကိုယ်ဟာမြန်မာပါလို့ သူတို့ ကိုဂုဏ်ယူစွာပြောတတ်မယ်ဆိုရင် တိုင်းတပါးသားတွေ မြန်မာလူမျိုးတွေကိုအထင်ကြီးလာကြမှာအမှန်ပါပဲ။
မြန်မာပြည်ကြီးဘယ်လောက်မကောင်းဘူးပြောပြော သက်ထားကတော့မြန်မာပြည်ကြီးကိုမြတ်နိုးတာအမှန်ပါ။
သက်ထားကိုမြန်မာပြည်ပြန်ချင်လားလို့ ဘယ်ချိန်လာမေးမေး။
တရေးနိုးလာမေးလဲ မြန်မာပြည်ကိုအမြန်ဆုံးပြန်ချင်ပါတယ်လို့ ဖြေမိမှာပါပဲရှင်။
မြန်မာလူမျိုးတိုင်းအချင်းချင်းစာနာကူညီ စည်းလုံးစွာနဲ့ မြန်မာ့ဟေ့လို့ ဂုဏ်ယူစွာပြောနိုင်ကြပါစေ။
Wednesday, February 8, 2012
***ငါခတ္တပြန်လာမယ်နော်...***(မေသက်ထားဝင်း)
ဟိုးအရင်အတိတ်ဆီက ဆောင်းအကုန်နွေအကူး...
မုန်းမိခဲ့ တဲ့ နွေကျောင်းပိတ်ရက်။
တမာနံတွေသင်းလာလို့ ...
သစ်ရွက်ခြောက်သံတွေကြားငါ...
အတိတ်နေ့ ရက်က လွမ်းမောဖွယ်ရာနေ့ ရက်တွေဟာ...
ခုတော့ခတ္တမေ့ လျှော့ ပြန်ဆုံဖို့ အရေး
တွေးတောလျှက်ပါ ...
စောင့်မျှော်နေနော်....
ရွှေရင်တစုံခုန်လို့ ...
ငါလှမ်းခဲ့ မယ်။
ငါခင်တွယ်တဲ့ မြို့ .....
ငါသဘောကျတဲ့ ရေပြင်ကျယ်ကန်ကြီးရယ်...
ငါဦးခိုက်ဖူးမျှော်နေကြ ဘုရားစေတီ..
ငါနှစ်သက်တဲ့ တမာတောတန်း...
ငါခြေရာတွေထပ်ကာကျနေတဲ့ ဒီမြေ။
ငါချစ်တဲ့ ဆွေမျိုးမိတ်ဆွေ...
ရင်ဖွင့်ဖေါ် ရင်ဖွင့်ဘက်။
ဆိုးဖေါ်ဆိုးဘက်။
ငါ့သူငယ်ချင်းတွေ နွေးထွေးတဲ့ လက်အစုံကမ်းလို့ ။
ငါအားယူရင် ပြန်လာခဲ့ မယ်။
ထီလာကန်ပြင်ကျယ်ကြီးရေ.........
တမာတောတန်းနဲ့သစ်ရွက်ခြောက်တွေကြား....
ငါ ခတ္တပြန်လာမယ်နော်...............
နွေးထွေးလှိုက်လှဲစွာကြိုဆိုနေပါနော်။
Tuesday, February 7, 2012
သူတို့ ရသည် အကယ်ဒမီ(၂၀၁၂)
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို အကယ်ဒမီများရှင် ဦးငြိမ်းမင်းက ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ခင်မောင်ဦး၊ စိုးသိမ်းထွဋ်က ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ဘိုကလေးတင့်အောင်က ကြေညာပေးခဲ့ရာ အငိုမျက်လုံး အပြုံးမျက်နှာ ရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာပြည် ကျောက်စိမ်းက ဆွတ်ခူး ရရှိသွားသည်။
အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု- ဦးမြင့်ခိုင်က ပင်လယ်ထက်ကနေ၀န်းနီ ဇာတ်ကားဖြင့်ရရှိသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို အကယ်ဒမီ မေသဉ္ဇာဦးက ကြေညာပေးခဲ့ရာ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် ရုပ်ရှင်ဇာတ်ကားဖြင့် ဝါဝါအောင်က ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို အကယ်ဒမီ ရဲအောင်က ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ဝေဠုကျော်က ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ကြေညာပေးခဲ့ရာ အာဒံရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်ဇာတ်ကားဖြင့် သက်မွန်မြင့်က ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံဆုကို ဦးမြင့်သိန်းဖေက ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ပန်းချီစိုးမိုးက ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို အကယ်ဒမီဆုများရှင် ရန်အောင်က ကြေညာပေးခဲ့ရာ အာဒံရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်ဇာတ်ကားဖြင့် ပြေတီဦးက ဆွတ်ခူး ရရှိသွားသည်
၂၀၁၀ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်က ကြေညာပေးခဲ့ရာ ပင်လယ်ထက်က နေဝန်းနီ ရုပ်ရှင်ဇာတ်ကားဖြင့် ခင်မောင်ဦး၊ စိုးသိန်းထွဋ်က ဆွတ်ခူး ရရှိသွားသည်။
၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုကို ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဇော်မြင့်က ကြေညာပေးခဲ့ရာ အာဒမ်ရယ် ဧဝရယ် ဒဿရယ် ရုပ်ရှင်ဇာတ်ကားက ဆွတ်ခူး ရရှိသွားသည်။
Monday, November 28, 2011
***ကိုကို့ မွေးနေ့ အမှတ်တရ***(မေသက်ထားဝင်း)
အိပ်ယာမှနိုး နိုးချင်းအသိထဲဝင်လာတာကဒီနေ့ ဘယ်နှရက်လဲဆိုတာပါ။
ခေါင်းအုံးအောက်ကဖုန်းလေးကိုလက်နှိက်စမ်းပြီးဖွင့်ကြည့်လိုက်တော့(၂၉.၁၁.၂၀၁၁)တဲ့ ။
ဒီနေ့ ကိုကိုရဲ့ အသက်(၃၃)နှစ်မြှောက်မွေးနေ့ လေ။
သက်ထားဘဝမှာညီကိုမောင်နှမတွေ အများကြီးပါ....အားလုံးကလဲချစ်ကြပါတယ်။
သက်ထား ကိုကို့ ကိုအရမ်းချစ်တယ်...အကိုကြီးအဖရာဆိုတဲ့ အတိုင်းသက်ထားရဲ့ အဖေတယောက်ဆိုလဲမမှားဘူးလေ။
သက်ထားက ကိုကို့ အသက်(၁၂)နှစ်လောက်မှမွေးလာတာဆိုတော့...
သက်ထားဝေယျာဝစ္စတွေကိုကိုပဲလုပ်ပေးခဲ့ရတယ်တဲ့ ။
ဖေဖေနဲ့ မေမေပြန်ပြောပြခဲ့တာပါ။သက်ထားတွက်အမြဲအနစ်နာခံပေးခဲ့တဲ့ ကိုကို။
သက်ထားကိုလဲအရမ်းချစ်တဲ့ ကိုကို့ ရဲ့ ဒီမွေးနေ့ လေးကို
သက်ထားစိတ်ထဲကအလိုလို မမေ့ နိုင်ဘူးဖြစ်နေတယ်လေ။
အိပ်ယာထဲကမထသေးပဲ...ကိုကို့ အကြောင်းတွေပြန်စဉ်းစားတော့ကိုကိုသက်ထားတို့ 
ဘဝထဲကထွက်သွားမလိုဖြစ်တာ သက်ထားမျက်စိရှေ့ မှာ(၂)ခါရှိခဲ့ပါပြီ။
"ဟဲလို...ကိုကိုရေ့ .ဒီနေ့ လေညီမလေးတို့ လက်ဖက်သုပ်စားတယ်။ကိုကိုမရှိတုန်းသုပ်စားတာလေ...ဟဲဟဲ။စားချင်လာခဲ့..."
"အမယ်..ကိုကိုခုပြန်လာလို့ ရတယ်နော်....အိမ်ကိုရောက်ဖို့ (၅၀၀)ပဲကုန်မယ် ဆီဖိုးလေ...."
ကိုကိုဖူးခက်ကိုခရီးသွားနေရတယ်လေ...စတီးလက်ရမ်းတွေသွားတပ်ပေးရတာ...
ဝရိန်ဆော်သမားကကိုကိုပဲရှိတော့ကိုကိုပဲလိုက်သွားရတာ။
ဒီနေ့ တော့သူ့ အလုပ်ကနားခွင့်ပေးတယ်။ဒါပေမဲ့ အဝေးမှာဆိုတော့မိသားစုကိုအလွမ်းပြေဖုန်းဆက်နေကြတာပေါ့။
ပြောရင်းသက်ထားကသူကြိုက်တဲ့ လက်ဖက်သုပ်အကြောင်းပြောလိုက်တော့..သူလာခဲ့မယ်တဲ့ ။
သူ့ သူဌေးဆီကားတောင်းပြီးလာခဲ့ မယ်တဲ့ ...ညနေကိုကိုပြန်လာမှာမို့ ပျော်နေမိတယ်။
ဟိုးအရင်က(၁၀)နှစ်ကျော်ခွဲခွါနေခဲ့ရပေမဲ့  ခုခဏတဖြုတ်ခွဲရရင်စိတ်ထဲဘယ်လိုကြီးလဲမသိဘူး။
ခုတော့ပျော်နေရတာပေါ့...နဲနဲမိုးချုပ်တော့ကိုကိုဖုန်းဆက်လာတယ်..သူသူ့ သူဌေးအိမ်ရောက်နေပြီ...
"သူငယ်ချင်းတွေတိုက်လို့ နဲနဲသောက်နေလို့ မကြာဘူးလာခဲ့ မယ်လို့ ဖေဖေတို့ မေမေတို့ ကိုပြောလိုက်နော်"
ဒီမှာကားထားခဲ့ ပြီးခုဆိုင်ကယ်နဲ့ ထွက်လာခဲ့မယ်တဲ့ ။မိနစ်(၂၀)လောက်နေတော့ကိုကိုဖုန်းဆက်လာပြန်ရော....
"ကိုကိုမလာသေးဘူးလားကြာလိုက်တာ..."
"ဖုန်းကိုဖေဖေပေးလိုက်ညီမလေး..."ဒါနဲ့ ဖေဖေလက်ထဲဖုန်းထဲ့ပေးလိုက်ပြီး။
"ဘာ ..တောက်ငါ့သားရယ်။"ဆိုပြီးဖုန်းချသွားတယ်....ဖေဖေတခုပဲပြောတယ်.."ကိုမျိုးပုဇွန်ကန်မှာဆိုင်ကယ်လဲလို့ " တဲ့ ..
"သမီးလာဖေဖေနဲ့ လိုက်ခဲ့..."အိမ်မှာတော့မေမေရယ်ကိုကိုမိန်းမရယ်ကိုကိုသားရယ်ကျန်ခဲ့တယ်လေ။
လမ်းရောက်တော့ဖေဖေကဆိုင်ကယ်မောင်းရင်းပြောနေတယ်...
"ဒီကောင်နဲ နဲလေးဖြစ်တာလောက်နဲ့ ဖုန်းဆက်မခေါ်ဘူး။
ဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူး......"."ဖေဖေမြန်မြန်လေးမောင်းပါဖေဖေ။"
ပုဇွန်ကန်နားရောက်တော့ပုဇွန်ကန်ကပုဇွန်မွေးတဲ့ အသိအိမ်ကလှမ်းတားပြီးကိုမျိုးကိုဒီမှာခေါ်ထားတယ်ဦးလေးဆိုပြီး
ဖေဖေကိုပြောလို့ အသိအိမ်လိုက်သွားလိုက်တယ်။
သက်ထားဆိုင်ကယ်ပေါ်ကအမြန်ဆင်းပြီးကိုကိုဆီပြေးသွားမိတယ်....
တကိုယ်လုံးသွေးတွေရဲနေတယ်...ဝတ်ထားတဲ့ အကျီင်္အဝါရောင်ဟာအနီရောင်ပြောင်းနေပြီ..
ကိုကို့ ကိုအတင်းဖက်ပြီးငိုမိလိုက်တယ်....ကိုကိုတခုခုဖြစ်သွားမှာအရမ်းကြောက်မိတယ်။
ကိုကိုကတော့သက်ထားကိုဘာလို့ ငိုနေတာလဲညီမလေးကိုကိုမသေပါဘူးတဲ့ ။
ဒါပေမဲ့ လေ ကိုကိုနဖူး နှခေါင်း လက် ခြေအနှံပါပဲ....ဒါဏ်ရာတွေအနှံပါပဲ။
အာ     မေ့ စေ့မှာဟက်တက်ကြီးကွဲလို့ ပါလား။
ဖေဖေက ကိုကို့ မျက်နှာဆွဲမော့ကြည့်လိုက်လို့ မြင်သွားတာပါ။
သက်ထားပေါ်ကိုကိုမှီချရင်းသွေးတွေဟာဒလဟောထွက်နေတယ်...ဆိုင်ကယ်ကတော့စုတ်ပြတ်သတ်နေပါပြီ။
အိမ်ရှေ့ မှာသွေးအိုင်ဖြစ်နေပြီ....သက်ထားအကျီင်္တွေလဲသွေးတွေရွှဲနေပြီ။
ဖေဖေဆေးရုံကိုခေါ်သွားဖို့ စီစဉ်နေတယ်
အရေးပေါ်ကားကိုလဲမခေါ်ချင်ဘူး....ကြာမှာဆိုလို့ တဲ့ ..အိမ်ကဆိုင်ကယ်နဲ့ ပဲရအောင်သွားခဲ့ တယ်။
ဆေးရုံကပြန်လာခွင့်ရတော့ကိုကိုမှာတကိုယ်လုံးဖြူဖွေးနေပြီလေ။။။။။။
ပတ်တီးတွေဟာတကိုယ်လုံးအနှံပါပဲရှင်.....ဆေးစရိတ်ရှင်းတော့.(၅၀၅)ဘတ် (၅၀၀)ပဲယူလိုက်တယ်။
ကိုကိုလာမယ်ပြောတုန်းကပိုက်ဆံ(၅၀၀)အကုန်ခံပြီးလာရမယ်ဆိုတာဒါကိုပြောလိုက်တာလားကွယ်။
နောက်ရက်ပုဇွန်ကန်ကအိမ်ရှေ့ သွေးကွက်ကိုဆေးပေးဖို့ သွားတော့...
သူတို့ ကနေပါစေရပါတယ် ညကကိုမျိုးကယောင်ကတန်းဖြစ်နေတယ်ထင်တယ်....
သူ့ ဆိုင်ကယ်ရှေ့ ခွေးမည်းတကောင်ဖြတ်ပေးလို့ ခွေးကိုတိုက်မိမှာဆိုးလို့ လက်ကိုင်ကိုဆွဲကွေ့ လိုက်တာ
ဓါတ်တိုင်နဲ့ ဝင်တိုက်မိတာပဲလို့ ပြောတယ်ဦးလေး.....
ဖေဖေလဲဆိုင်ကယ်ကိုဆိုင်ပို ဖို့ ကိုကို့ သူဌေးဆီဖုန်းဆက်တော့ချက်ချင်းရောက်လာခဲ့ တယ်။
ဆိုင်ရောက်တော့ဆိုင်ကယ်ကအင်ဂျင်ပဲသုံးလို့ ရတော့တယ်တဲ့ ......တော်သေးတယ်....
ဒီလောက်ဖြစ်တာတောင်ကိုကိုဒီလောက်ဒါဏ်ရာတွေပဲရခဲ့ လို့ ....
မဟုတ်ရင်သက်ထားဘဝထဲမှာကိုကိုဆိုတာရှိပါအုံးမလားနော်။။။။။။။။။။။။။။။။။။။။။။။။။။။။
အဲဒီနေ့ ကသက်ထားနဲ့ သက်ထားကိုကိုအူမြူးနေတာတနေကုန်ပါပဲ....
ရယ်စရာမဟုတ်တာရယ်စရာလုပ်ပြီရယ်နေကြတယ်...
ညနေပိုင်းဈေးသွားတော့..သက်ထားပါးစပ်က...."ကိုကိုအူမြူးနေ..ပြီးရင်ငိုရအုံးမယ်"လို့ ပြောလိုက်မိပါတယ်........
အိမ်ပြန်ရောက်တော့နဲနဲမှောင်စပျိုးနေပြီလေ....
သက်ထားထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကလေးတွေအတွက်ဆိုင်မှာထမင်းယူဖို့ နောက်တခေါက်..အပြင်သွားရအုံးမယ်....
မိုးတွေကလဲတအားရွာနေတော့....ကိုကို့ ကိုကားနဲ့ လိုက်ပို့ ခိုင်းပါတယ်....
ကိုကိုအိပ်တဲ့ အခန်းနဲ့ သက်ထားတို့ အခန်းကနဲ နဲ တော့လှမ်းတယ်လေ....
တော်တော်နဲ့ မလာနိုင်လို့ ...ထီးဆောင်းပြီးအိမ်ရှေ့ ကထွက်စောင့်နေမိတယ်....
အဲဒါကိုမြင်တော့ကိုကိုက....
"ဘာတွေဒီလောက်လောနေတာလဲ...ခုမှမသွားရင်သေတော့မှာလား"..ဘာလား...နဲ့ သက်ထားကိုဆူတယ်လေ။
သက်ထားလဲခေါ်တာကိုချက်ချင်းမလာရကောင်းလားပြန်ပြောမိတာပေါ့...အဲဒီတော့ကိုကိုက
"ညီမလေးနင်  နင့်အကိုအကြောင်းမသိသေးပဲကိုး...ငါလုပ်လိုက်ရင်အကုန်ရှုပ်ကုန်မယ်"လို့ ပြန်ပြောပါတယ်....
သူဘာကိုရည်ရွယ်ပြီးပြောတာလဲမသိပါဘူး.....သက်ထားပါးစပ်ပိတ်ပြီးအသံတိတ်ကားထဲပါလာတယ်..
သက်ထားတို့ နေတဲ့ နေရာကမြို့ ထဲပိုင်းနဲ့ နီးပေးမဲ့ ..လူခြေတိတ်တဲ့ ရပ်ကွက်လေးမှာဆိုတော့..
မြို့ ထဲဘက်သွားတဲ့ ..လမ်းကလူပြတ်နေတတ်တယ်လေ...ဒီနေ့ ကမိုးတွေကလဲတအားရွာတော့ပိုဆိုးတာပေါ့။
လမ်းကရှင်းနေပြီး...လမ်းကွေ့ ကြီးတခုလဲအရောက်...
ကားစီယာတိုင်ကိုဟိုရမ်းဒီရမ်းလုပ်နေတဲ့ကိုကို့ ကိုကြည့်ပြီး.....သက်ထားကြောင်တောင်တောင်ဖြစ်နေတယ်...
ပြီးတော့ကားဟာလမ်းဘေးကမြောင်းကြီးထဲရောက်သွားတယ်.....ကိုကိုလဲသက်ထားဘက်လဲကျလာတယ်...
ကားကသက်ထားဘက်စောင်းပြီးလဲတာကို.....မြောင်းကြီးဆိုပေမဲ့ ...လူတရပ်င်္နီးပါးလောက်ပဲနစ်ပါတယ်...
မိုးမရွာတဲ့ အချိန်ဆိုရင်တော့...ချောက်ကြီးပေါ့....ကိုကိုသက်ထားပေါ်ကျလာတော့.သက်ထားထိမိသွားတဲ့ကိုကို့ ခေါင်းကချိုင့်ခွက်ကြီးဟာသက်ထားတော်တော်လေးတုန်လှုပ်ခဲ့ရတယ်။
ကိုကို့ ကိုအတင်းဖက်ပြီးခေါ်လဲမရပါဘူး...သူသတိမေ့ သွားတယ်ထင်တယ်....
ကားထဲလဲရေတွေအရမ်းပဲဝင်နေပြီ....ပတ်ဝန်းကျင်ကမိုးရွာနေတော့..
တချို့ တွေလာပြီး...ကားထဲကထွက်လာဖို့ ပြောတယ်....
ဒီချိန်သက်ထားသိတာ..ကိုကို့ ကိုသတိပြန်ရအောင်လုပ်ဖို့ လေ.......ကိုကိုပြောခဲ့တဲ့ ...
ကိုကိုလုပ်ရင်အကုန်ရှု ပ်ကုန်မယ်ဆိုတဲ့ စကားကိုလဲပြန်သတိရမိတယ်..."ကိုကိုဒီလိုလုပ်စရာလား....
ဘာလို့ ဒီလိုလုပ်ရတာလဲ....ကိုကိုထပါအုံး.."အတင်းခေါ်နေပြီး..ခဏကြာတော့ကိုကိုသတိပြန်ဝင်လာတယ်...
ကိုကိုကသူဘာမှမဖြစ်ဖူးပြောပေမဲ့ ခေါင်းမှာသွေးတွေရွှဲလို့ ပါ.....
ဖြစ်ချင်တော့သက်ထားဘက်ကလုံးဝဖွင့်မရတော့ပါဘူး.....
သက်ထားဘက်စောင်းနေတော့...ရေကပိုနစ်နေတယ်...ပြီးတော့လဲကျသစ်ပင်ကြီးတပင်..ကခံနေသေးတယ်။
ကိုကို့ ဘက်ကနေအတင်းတွင်းဖွင့်ရတယ်....ရေအားနဲ့ ညပ်နေတော့တော်တော်နဲ့ ဖွင့်မရဘူးဖြစ်နေတယ်....
ဘေးလူတွေကလဲ..သူတို့ ဘာမှမလုပ်ပေးနိုင်ဘူးလေ......အတင်းတွင်းကန်ပြီဖွင့်မှပွင့်သွားပါတယ်....
တခါးဖွင့်မရခင်ဖေဖေဆီဖုန်းခေါ်ဖို့ သတိရသွားတယ်....ရေနဲနဲပဲစိုနေသေးတဲ့ ဖုန်းခေါ်လို့ ရသေးတာတော်သေးတယ်။
ဖေဖေ့ ကိုသက်ထားတို့ ဒီလိုဖြစ်တာမပြောပဲ...ဒီလမ်းကွေ့ ကိုလာဖို့ အေးအေးဆေးဆေးပြောပြီးခေါ်လိုက်တယ်...
ဖေဖေရောက်တော့အခြေနေမှန်ကိုသိပြီး...ဆိုးရိမ်သွားတယ်.....သားဘာဖြစ်လဲသမီးဘာဖြစ်လဲနဲ့ ပေါ့...
သူဌေးမဆီဖုန်းဆက်ပြီးခေါ်တယ်......ဆေးရုံသွားဖို့ ပြင်တယ်.....အရေးပေါ်ကားတွေကလဲရောက်မလာနိုင်ဘူး.....
သက်ထားလဲကိုကို့ ကိုဆေးရုံလိုက်ပို့ ပေးပါအမြန်ပို့ ပေးပါငိုယိုပြီးပြောရတာပေါ့..ဖေဖေလဲသက်ထားကိုပိုစိတ်ပူပြီး..
သက်ထားဘာဖြစ်လဲကြည့်ပြီး....ဘာမှမဖြစ်တော့အိမ်ပြန်ပို့ ခဲ့တယ်....တကို ယ်လုံးလဲအေးစက်တုန်နေပြီလေ...ကိုကို့ ကိုသူဌေးမကားနဲ့ဆေးရုံပို့ ခဲ့တယ်...ပြီးမှဖေဖေလိုက်သွားတယ်...
.အဲတော့မှအင်္ကျီင်္လဲဖို့ လုပ်တော့သက်ထားလက်တော်တော်လေးနာနေတာသိလိုက်ရတယ်.....
ကိုကိုကနောက်ရက်မနက်မှဆေးရုံကဆင်းခွင့်ရတယ်....ခေါင်းကွဲရုံပဲတဲ့ ...၇ချက်ချုပ်လိုက်ရတယ်....
သက်ထားကတော့လက်ကတော်တော်နာနေလို့ ..ဓါတ်မှန်ရိုက်ကြည့်ပါတယ်....မကျိုးတော့မကျိုးပါဘူး...
ကိုကိုကအိမ်ပြန်ရောက်တော့သူကားနဲ့ ထွက်သွားတာသိတယ်...
အဲဒီလမ်းကွေ့ ရောက်တဲ့ နောက်ဘာတွေဖြစ်လဲဘာမှမသိတော့ဘူး.....ဘာမှလဲမမြင်ရတော့ဘူးတဲ့ လေ...
 တချို့ တွေပြောတာတော့လမ်းကွေ့ ကကားတွေတော်တော်များများမှောက်ဖူးတယ်..လူလဲသေဖူးတယ်..ဒါကြောင့်ဖြစ်တာတဲ့ ...
သက်ထားချစ်ရတဲ့ ကိုကို ဒီအဖြစ်ဆိုးမျိုးတွေနောက်ဘယ်တော့မှမတွေ့ ရပါစေလို့ သက်ထားအမြဲဆုတောင်းနေမိတယ်။
ခုဆိုကိုကိုအသက်(၃၃)နှစ်တောင်ရောက်ပြီလေ....ကိုကို့ တွက်ညီမလေးမွေးနေ့ ပွဲဆိုတာမလုပ်ပေးနိုင်ပေမဲ့ ...
ညီမလေးရင်ထဲမှာအရမ်းကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ ပွဲတခုကိုကို့ တွက်လုပ်ပေးနေတယ်ဆိုတာကိုကိုသိပါစေ။
ကိုကိုရဲ့ ဒီညီမလေးကိုကို့ ကိုဘယ်လောက်ချစ်တယ်ဆိုတာကိုကိုသိနိုင်ပါစေ။
ကိုကိုဘေးရန်ကင်းလွတ်စွာနဲ့ ထာဝရအသက်ရှင်နေနိုင်ပါစေ။
ကိုကိုမိသားစုနဲ့ ကိုကိုပျော်ရွှင်နိုင်ပါစေ။
ညီမလေးကိုမွေးကင်းစထဲကကြည့်ရူထိန်းကျောင်းလာပေးတဲ့ တွက်ကိုကို့ ကိုမိဘနဲ့ တန်းတူကန်တော့လျှက်ပါကိုကိုရယ်။
ညနေကိုကိုအလုပ်ကပြန်လာရင်....ညီမလေးကိုကို့ တွက်အနမ်းလက်ဆောင်လေးပေးဖို့ စောင့်နေတယ်နော်...............။
Thursday, November 24, 2011
***မင်းတွက်အဆင်သင့်***
ဟိတ်.....လက်မြှောက်....
မင်းမာနကိုအောက်ချ...
မင်းအသဲနှလုံးကို ငါ့လက်ထဲ ထဲ့ ...
မင်းအကြင်နာတရားတွေပါပေး...
မင်းမေတ္တာတွေလဲချန်မထားနဲ့ ....
မင်းခန္ဒာကိုယ် ကိုငါသိမ်းပိုက်မယ်.....
မင်းအချစ်တွေအားလုံး ငါ့တယောက်ထဲတွက်ပဲဖြစ်ပါစေ။
အဲ့လိုသာမင်းအချစ်တွေကိုဓါးပြတိုက်ခဲ့ ရင်....
မင်းကိုငါချစ်ခဲ့တာပါ......မင်းစိတ်ချမ်းသာဖို့ ...
မင်းကျေနပ်တာ မင်းလုပ်ပါ...
မင်းကိုငါချစ်ခဲ့ တဲ့တွက် ငါဘယ်လိုပဲခံစားရပါစေ.....
မင်းပျော်မယ်ဆိုရင်...
ငါ့မာနကိုအောက်ချ....
ငါ့အသဲနှလုံးကိုအပျင်းပြေမင်းဆော့ကစားလို့ ...
ငါ့အကြင်နာတွေက မင်းကိုအမြဲကြင်နာနေမယ်.....
ငါ့မေတ္တာတရားလဲမင်းတွက်ရှိနေမြဲပါ။
ငါ့ခန္ဒာကိုယ်ဟာ..မင်းတွက်အနှောက်ယှက်ဖြစ်ခဲ့ ရင်...
အဝေးတနေရာမှာငါနေပေးပါ့မယ်....
မင်းပြောခဲ့ သလို ငါတော်ရာမှာသွားနေပါ့မယ်....
ငါ့ရဲ့ ကိုယ်ခန္ဒာအဝေးမှာရောက်နေပေမဲ့ ...
င့ါစိတ် ငါ့အသဲ ငါ့အကြင်နာ ငါ့မေတ္တာတွေမင်းအနီးမှာပါ.....
လိုသလိုအသုံးချပါတော့ကွာ..................မင်းတွက်အဆင်သင့်ပါ။
                                                                                           နိုဝင်ဘာ 9, 2011 at 9:30am
***လက်ကိုင်ဖုန်းနဲ့ လက်ပါတ်နာရီရေစိုခဲ့ပါလျှင်***
မကြာတော့တဲ့ ရက်ပိုင်းမှာသင်္ကြန်ချိန်ခါသမယရောက်ရှိတော့မယ်။
မိုးလင်းလို့ ..ဘာရယ်မဟုတ်အပြင်လမ်းလျှောက်ထွက်ရင်း....
သူငယ်ချင်းတွေရုတ်တရက်ရေးလောင်းလိုက်ပါတယ်.......
သင့်စိတ်ညစ်သွားလား....သင့်ဘောင်းဘီအိတ်ထဲကဖုန်းရေစိုသွားလို့လေ......
သင့်စိတ်ညစ်သွားလား...သင့်လက်မှာပတ်ထားတဲ့....လက်ပတ်နာရီရေစိုသွားလို့ ........
ကဲပြောပြမယ်နော်..သေချာလိုက်မှတ်.....စိုသွားတဲ့ ..ဖုန်းဆိုပါတော့.....
လက်ပါတ်နာရီလဲဒီနည်းတိုင်းပါပဲ
ဖုန်းကဘက္ထရီအရင်ဖြုတ်လိုက်ပါ.....ပြီးရင်ရေကိုခါလိုက်ပါ.ရသလောက်ပေါ့။
ပြီးရင်တော့.....အရက်ပျံနဲ့စိမ်ပါ......ဖုန်းကိုနော်.....ခွက်တလုံးထဲဖုန်းနစ်သွားယုံအရက်ပျံထဲ့ပြီစိမ်ပါ။
ပြီးရင်...ဘက္ထရီအားပြန်သွင်းပါ.......တအောင့်လောက်ကြာရင်..စိမ်ထားတဲ့ဖုန်းကိုဆယ်ယူပြီး....
လေသလှပ်ခံပေးပါ....ပန်ကာနဲ့မှုတ်လဲရပါတယ်။ပြီးရင်တော့ပုံမှန်တိုင်းပြန်တပ်ဆင်အသုံးပြုနိုင်ပါတယ်။
ဆိုင်ကိုပြေးပြီးပိုက်ဆံပေးစရာမလိုပါဘူး။
အဲလိုနည်းသိတဲ့သက်ထားတောင်...အမြဲဆိုင်နဲ့မလွတ်ဘူး...............ဟိဟိ။.
ဖုန်းရေစိုလို့ဆိုင်ရောက်ပေါင်းများပြီလေ....စတာပါ....
နောက်မှသတင်းတခုကနားထောင်ပြီးမှတ်ထားတာ......ထိုင်းသတင်းတခုကပါ.....
ဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်။
သူငယ်ချင်းတို့ သင်္ကြန်ခါတော်သမယမှာပျော်ရွှင်ပါစေနော်........နှစ်သစ်ကိုလဲပျော်ရွှင်ခြင်းတွေနဲ့ အပူပင်မရှိကျော်ဖြတ်နိုင်ပါစေ။
                                                                                      2011 ဧပြီ 14ရက်
***တန်ဆောင်းမုန်းလပြည့်နေ့ အလှူခံပါတယ်***
ကြာခဲ့ ပြီအတိတ်  နေခဲ့ပြီလက်တွေ့ ....
နိုင်ငံရပ်ခြား တန်ဆောင်မုန်းကြား....
မွေ့ ပျော်လို့ သာ ရှေ့ ဆက်သွား။
တန်ဆောင်တိုင်တိုင်း ငါသည်ကား။
လည်ပါတ်ကာရယ် အများနည်းတူ....
ပျော်မွေ့ ခြင်းမရှိ ဟန်ဆောင်အပြုံးမျက်နှာဖုံးတု။
ဒို့ ပြည်ဒို့ ရွာဒို့ အိမ်ယာသို့ .....
မျှော်မှန်းတမ်းငေး...ဟိုဆီအဝေး.....
မီးပုံလှလှ စီတန်းကြကာ....
ကျင်းပခဲ့ သည် တန်ဆောင်တိုင်။
 မယ်ဇလီသုပ် ဆေးပေါင်းလုပ်၍....
ချစ်သူရည်းစား ပျော်စရာတကား။
ခုများဒို့ မှာခြားနားခဲ့ပြီ..အတိတ်မြေသည်။
မှန်းဆလို့ လွမ်းဆွတ်ပါသည်....
ခွေးတွေတစီစီ....ဟောင်သံတညီညီနဲ့ .....
ပေါင်းဖေါ်ဆွေများ....ဆောင်းဝင်လို့ အေးရမှန်းမသိ....
ခိုးယူသီလဖေါက်ဖျက်ကြ....
စိတ်ထဲမပါ အပျော်သာမို့ ..
မိုးလင်းကျေနပ်ပစ္စည်းအပ်၏
ပျော်စရာရှာကာ...ဟစ်အော်ခဲ့သည်...
တန်ဆောင်မုန်းလပြည့်နေ့ အလှူ ခံပါသည်တဲ့ .....
ဟိုးးးးးးးးးးးးးးးးးးးးးအရင်ကပါ။
ခုတော့......ရေမြေခြားမှ လွမ်းမောယုံမျှသာ။
သက်ထားရဲ့ မရေးတတ်ပဲရေးတဲ့ ကဗျာတွေကိုဖတ်ရှူအားပေးလို့ ကျေဇူးပါရှင်..
နိုင်ငံရပ်ခြားမှသူငယ်ချင်းများလွမ်းဆွတ်တမ်းတနေမယ်လို့ ထင်ပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ ညအလှူခံပါတယ်..........
ဘာတွေဘယ်လိုဖြစ်နေပစေလမင်းကြီးကသာနေစဲပါနော်။
                                                                                      နိုဝင်ဘာ 11, 2011 at 10:44pm