Monday, November 28, 2011
***ကိုကို့ မွေးနေ့ အမှတ်တရ***(မေသက်ထားဝင်း)
အိပ်ယာမှနိုး နိုးချင်းအသိထဲဝင်လာတာကဒီနေ့ ဘယ်နှရက်လဲဆိုတာပါ။
ခေါင်းအုံးအောက်ကဖုန်းလေးကိုလက်နှိက်စမ်းပြီးဖွင့်ကြည့်လိုက်တော့(၂၉.၁၁.၂၀၁၁)တဲ့ ။
ဒီနေ့ ကိုကိုရဲ့ အသက်(၃၃)နှစ်မြှောက်မွေးနေ့ လေ။
သက်ထားဘဝမှာညီကိုမောင်နှမတွေ အများကြီးပါ....အားလုံးကလဲချစ်ကြပါတယ်။
သက်ထား ကိုကို့ ကိုအရမ်းချစ်တယ်...အကိုကြီးအဖရာဆိုတဲ့ အတိုင်းသက်ထားရဲ့ အဖေတယောက်ဆိုလဲမမှားဘူးလေ။
သက်ထားက ကိုကို့ အသက်(၁၂)နှစ်လောက်မှမွေးလာတာဆိုတော့...
သက်ထားဝေယျာဝစ္စတွေကိုကိုပဲလုပ်ပေးခဲ့ရတယ်တဲ့ ။
ဖေဖေနဲ့ မေမေပြန်ပြောပြခဲ့တာပါ။သက်ထားတွက်အမြဲအနစ်နာခံပေးခဲ့တဲ့ ကိုကို။
သက်ထားကိုလဲအရမ်းချစ်တဲ့ ကိုကို့ ရဲ့ ဒီမွေးနေ့ လေးကို
သက်ထားစိတ်ထဲကအလိုလို မမေ့ နိုင်ဘူးဖြစ်နေတယ်လေ။
အိပ်ယာထဲကမထသေးပဲ...ကိုကို့ အကြောင်းတွေပြန်စဉ်းစားတော့ကိုကိုသက်ထားတို့ 
ဘဝထဲကထွက်သွားမလိုဖြစ်တာ သက်ထားမျက်စိရှေ့ မှာ(၂)ခါရှိခဲ့ပါပြီ။
"ဟဲလို...ကိုကိုရေ့ .ဒီနေ့ လေညီမလေးတို့ လက်ဖက်သုပ်စားတယ်။ကိုကိုမရှိတုန်းသုပ်စားတာလေ...ဟဲဟဲ။စားချင်လာခဲ့..."
"အမယ်..ကိုကိုခုပြန်လာလို့ ရတယ်နော်....အိမ်ကိုရောက်ဖို့ (၅၀၀)ပဲကုန်မယ် ဆီဖိုးလေ...."
ကိုကိုဖူးခက်ကိုခရီးသွားနေရတယ်လေ...စတီးလက်ရမ်းတွေသွားတပ်ပေးရတာ...
ဝရိန်ဆော်သမားကကိုကိုပဲရှိတော့ကိုကိုပဲလိုက်သွားရတာ။
ဒီနေ့ တော့သူ့ အလုပ်ကနားခွင့်ပေးတယ်။ဒါပေမဲ့ အဝေးမှာဆိုတော့မိသားစုကိုအလွမ်းပြေဖုန်းဆက်နေကြတာပေါ့။
ပြောရင်းသက်ထားကသူကြိုက်တဲ့ လက်ဖက်သုပ်အကြောင်းပြောလိုက်တော့..သူလာခဲ့မယ်တဲ့ ။
သူ့ သူဌေးဆီကားတောင်းပြီးလာခဲ့ မယ်တဲ့ ...ညနေကိုကိုပြန်လာမှာမို့ ပျော်နေမိတယ်။
ဟိုးအရင်က(၁၀)နှစ်ကျော်ခွဲခွါနေခဲ့ရပေမဲ့  ခုခဏတဖြုတ်ခွဲရရင်စိတ်ထဲဘယ်လိုကြီးလဲမသိဘူး။
ခုတော့ပျော်နေရတာပေါ့...နဲနဲမိုးချုပ်တော့ကိုကိုဖုန်းဆက်လာတယ်..သူသူ့ သူဌေးအိမ်ရောက်နေပြီ...
"သူငယ်ချင်းတွေတိုက်လို့ နဲနဲသောက်နေလို့ မကြာဘူးလာခဲ့ မယ်လို့ ဖေဖေတို့ မေမေတို့ ကိုပြောလိုက်နော်"
ဒီမှာကားထားခဲ့ ပြီးခုဆိုင်ကယ်နဲ့ ထွက်လာခဲ့မယ်တဲ့ ။မိနစ်(၂၀)လောက်နေတော့ကိုကိုဖုန်းဆက်လာပြန်ရော....
"ကိုကိုမလာသေးဘူးလားကြာလိုက်တာ..."
"ဖုန်းကိုဖေဖေပေးလိုက်ညီမလေး..."ဒါနဲ့ ဖေဖေလက်ထဲဖုန်းထဲ့ပေးလိုက်ပြီး။
"ဘာ ..တောက်ငါ့သားရယ်။"ဆိုပြီးဖုန်းချသွားတယ်....ဖေဖေတခုပဲပြောတယ်.."ကိုမျိုးပုဇွန်ကန်မှာဆိုင်ကယ်လဲလို့ " တဲ့ ..
"သမီးလာဖေဖေနဲ့ လိုက်ခဲ့..."အိမ်မှာတော့မေမေရယ်ကိုကိုမိန်းမရယ်ကိုကိုသားရယ်ကျန်ခဲ့တယ်လေ။
လမ်းရောက်တော့ဖေဖေကဆိုင်ကယ်မောင်းရင်းပြောနေတယ်...
"ဒီကောင်နဲ နဲလေးဖြစ်တာလောက်နဲ့ ဖုန်းဆက်မခေါ်ဘူး။
ဘာတွေဖြစ်ကုန်ပြီလဲမသိပါဘူး......"."ဖေဖေမြန်မြန်လေးမောင်းပါဖေဖေ။"
ပုဇွန်ကန်နားရောက်တော့ပုဇွန်ကန်ကပုဇွန်မွေးတဲ့ အသိအိမ်ကလှမ်းတားပြီးကိုမျိုးကိုဒီမှာခေါ်ထားတယ်ဦးလေးဆိုပြီး
ဖေဖေကိုပြောလို့ အသိအိမ်လိုက်သွားလိုက်တယ်။
သက်ထားဆိုင်ကယ်ပေါ်ကအမြန်ဆင်းပြီးကိုကိုဆီပြေးသွားမိတယ်....
တကိုယ်လုံးသွေးတွေရဲနေတယ်...ဝတ်ထားတဲ့ အကျီင်္အဝါရောင်ဟာအနီရောင်ပြောင်းနေပြီ..
ကိုကို့ ကိုအတင်းဖက်ပြီးငိုမိလိုက်တယ်....ကိုကိုတခုခုဖြစ်သွားမှာအရမ်းကြောက်မိတယ်။
ကိုကိုကတော့သက်ထားကိုဘာလို့ ငိုနေတာလဲညီမလေးကိုကိုမသေပါဘူးတဲ့ ။
ဒါပေမဲ့ လေ ကိုကိုနဖူး နှခေါင်း လက် ခြေအနှံပါပဲ....ဒါဏ်ရာတွေအနှံပါပဲ။
အာ     မေ့ စေ့မှာဟက်တက်ကြီးကွဲလို့ ပါလား။
ဖေဖေက ကိုကို့ မျက်နှာဆွဲမော့ကြည့်လိုက်လို့ မြင်သွားတာပါ။
သက်ထားပေါ်ကိုကိုမှီချရင်းသွေးတွေဟာဒလဟောထွက်နေတယ်...ဆိုင်ကယ်ကတော့စုတ်ပြတ်သတ်နေပါပြီ။
အိမ်ရှေ့ မှာသွေးအိုင်ဖြစ်နေပြီ....သက်ထားအကျီင်္တွေလဲသွေးတွေရွှဲနေပြီ။
ဖေဖေဆေးရုံကိုခေါ်သွားဖို့ စီစဉ်နေတယ်
အရေးပေါ်ကားကိုလဲမခေါ်ချင်ဘူး....ကြာမှာဆိုလို့ တဲ့ ..အိမ်ကဆိုင်ကယ်နဲ့ ပဲရအောင်သွားခဲ့ တယ်။
ဆေးရုံကပြန်လာခွင့်ရတော့ကိုကိုမှာတကိုယ်လုံးဖြူဖွေးနေပြီလေ။။။။။။
ပတ်တီးတွေဟာတကိုယ်လုံးအနှံပါပဲရှင်.....ဆေးစရိတ်ရှင်းတော့.(၅၀၅)ဘတ် (၅၀၀)ပဲယူလိုက်တယ်။
ကိုကိုလာမယ်ပြောတုန်းကပိုက်ဆံ(၅၀၀)အကုန်ခံပြီးလာရမယ်ဆိုတာဒါကိုပြောလိုက်တာလားကွယ်။
နောက်ရက်ပုဇွန်ကန်ကအိမ်ရှေ့ သွေးကွက်ကိုဆေးပေးဖို့ သွားတော့...
သူတို့ ကနေပါစေရပါတယ် ညကကိုမျိုးကယောင်ကတန်းဖြစ်နေတယ်ထင်တယ်....
သူ့ ဆိုင်ကယ်ရှေ့ ခွေးမည်းတကောင်ဖြတ်ပေးလို့ ခွေးကိုတိုက်မိမှာဆိုးလို့ လက်ကိုင်ကိုဆွဲကွေ့ လိုက်တာ
ဓါတ်တိုင်နဲ့ ဝင်တိုက်မိတာပဲလို့ ပြောတယ်ဦးလေး.....
ဖေဖေလဲဆိုင်ကယ်ကိုဆိုင်ပို ဖို့ ကိုကို့ သူဌေးဆီဖုန်းဆက်တော့ချက်ချင်းရောက်လာခဲ့ တယ်။
ဆိုင်ရောက်တော့ဆိုင်ကယ်ကအင်ဂျင်ပဲသုံးလို့ ရတော့တယ်တဲ့ ......တော်သေးတယ်....
ဒီလောက်ဖြစ်တာတောင်ကိုကိုဒီလောက်ဒါဏ်ရာတွေပဲရခဲ့ လို့ ....
မဟုတ်ရင်သက်ထားဘဝထဲမှာကိုကိုဆိုတာရှိပါအုံးမလားနော်။။။။။။။။။။။။။။။။။။။။။။။။။။။။
အဲဒီနေ့ ကသက်ထားနဲ့ သက်ထားကိုကိုအူမြူးနေတာတနေကုန်ပါပဲ....
ရယ်စရာမဟုတ်တာရယ်စရာလုပ်ပြီရယ်နေကြတယ်...
ညနေပိုင်းဈေးသွားတော့..သက်ထားပါးစပ်က...."ကိုကိုအူမြူးနေ..ပြီးရင်ငိုရအုံးမယ်"လို့ ပြောလိုက်မိပါတယ်........
အိမ်ပြန်ရောက်တော့နဲနဲမှောင်စပျိုးနေပြီလေ....
သက်ထားထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကလေးတွေအတွက်ဆိုင်မှာထမင်းယူဖို့ နောက်တခေါက်..အပြင်သွားရအုံးမယ်....
မိုးတွေကလဲတအားရွာနေတော့....ကိုကို့ ကိုကားနဲ့ လိုက်ပို့ ခိုင်းပါတယ်....
ကိုကိုအိပ်တဲ့ အခန်းနဲ့ သက်ထားတို့ အခန်းကနဲ နဲ တော့လှမ်းတယ်လေ....
တော်တော်နဲ့ မလာနိုင်လို့ ...ထီးဆောင်းပြီးအိမ်ရှေ့ ကထွက်စောင့်နေမိတယ်....
အဲဒါကိုမြင်တော့ကိုကိုက....
"ဘာတွေဒီလောက်လောနေတာလဲ...ခုမှမသွားရင်သေတော့မှာလား"..ဘာလား...နဲ့ သက်ထားကိုဆူတယ်လေ။
သက်ထားလဲခေါ်တာကိုချက်ချင်းမလာရကောင်းလားပြန်ပြောမိတာပေါ့...အဲဒီတော့ကိုကိုက
"ညီမလေးနင်  နင့်အကိုအကြောင်းမသိသေးပဲကိုး...ငါလုပ်လိုက်ရင်အကုန်ရှုပ်ကုန်မယ်"လို့ ပြန်ပြောပါတယ်....
သူဘာကိုရည်ရွယ်ပြီးပြောတာလဲမသိပါဘူး.....သက်ထားပါးစပ်ပိတ်ပြီးအသံတိတ်ကားထဲပါလာတယ်..
သက်ထားတို့ နေတဲ့ နေရာကမြို့ ထဲပိုင်းနဲ့ နီးပေးမဲ့ ..လူခြေတိတ်တဲ့ ရပ်ကွက်လေးမှာဆိုတော့..
မြို့ ထဲဘက်သွားတဲ့ ..လမ်းကလူပြတ်နေတတ်တယ်လေ...ဒီနေ့ ကမိုးတွေကလဲတအားရွာတော့ပိုဆိုးတာပေါ့။
လမ်းကရှင်းနေပြီး...လမ်းကွေ့ ကြီးတခုလဲအရောက်...
ကားစီယာတိုင်ကိုဟိုရမ်းဒီရမ်းလုပ်နေတဲ့ကိုကို့ ကိုကြည့်ပြီး.....သက်ထားကြောင်တောင်တောင်ဖြစ်နေတယ်...
ပြီးတော့ကားဟာလမ်းဘေးကမြောင်းကြီးထဲရောက်သွားတယ်.....ကိုကိုလဲသက်ထားဘက်လဲကျလာတယ်...
ကားကသက်ထားဘက်စောင်းပြီးလဲတာကို.....မြောင်းကြီးဆိုပေမဲ့ ...လူတရပ်င်္နီးပါးလောက်ပဲနစ်ပါတယ်...
မိုးမရွာတဲ့ အချိန်ဆိုရင်တော့...ချောက်ကြီးပေါ့....ကိုကိုသက်ထားပေါ်ကျလာတော့.သက်ထားထိမိသွားတဲ့ကိုကို့ ခေါင်းကချိုင့်ခွက်ကြီးဟာသက်ထားတော်တော်လေးတုန်လှုပ်ခဲ့ရတယ်။
ကိုကို့ ကိုအတင်းဖက်ပြီးခေါ်လဲမရပါဘူး...သူသတိမေ့ သွားတယ်ထင်တယ်....
ကားထဲလဲရေတွေအရမ်းပဲဝင်နေပြီ....ပတ်ဝန်းကျင်ကမိုးရွာနေတော့..
တချို့ တွေလာပြီး...ကားထဲကထွက်လာဖို့ ပြောတယ်....
ဒီချိန်သက်ထားသိတာ..ကိုကို့ ကိုသတိပြန်ရအောင်လုပ်ဖို့ လေ.......ကိုကိုပြောခဲ့တဲ့ ...
ကိုကိုလုပ်ရင်အကုန်ရှု ပ်ကုန်မယ်ဆိုတဲ့ စကားကိုလဲပြန်သတိရမိတယ်..."ကိုကိုဒီလိုလုပ်စရာလား....
ဘာလို့ ဒီလိုလုပ်ရတာလဲ....ကိုကိုထပါအုံး.."အတင်းခေါ်နေပြီး..ခဏကြာတော့ကိုကိုသတိပြန်ဝင်လာတယ်...
ကိုကိုကသူဘာမှမဖြစ်ဖူးပြောပေမဲ့ ခေါင်းမှာသွေးတွေရွှဲလို့ ပါ.....
ဖြစ်ချင်တော့သက်ထားဘက်ကလုံးဝဖွင့်မရတော့ပါဘူး.....
သက်ထားဘက်စောင်းနေတော့...ရေကပိုနစ်နေတယ်...ပြီးတော့လဲကျသစ်ပင်ကြီးတပင်..ကခံနေသေးတယ်။
ကိုကို့ ဘက်ကနေအတင်းတွင်းဖွင့်ရတယ်....ရေအားနဲ့ ညပ်နေတော့တော်တော်နဲ့ ဖွင့်မရဘူးဖြစ်နေတယ်....
ဘေးလူတွေကလဲ..သူတို့ ဘာမှမလုပ်ပေးနိုင်ဘူးလေ......အတင်းတွင်းကန်ပြီဖွင့်မှပွင့်သွားပါတယ်....
တခါးဖွင့်မရခင်ဖေဖေဆီဖုန်းခေါ်ဖို့ သတိရသွားတယ်....ရေနဲနဲပဲစိုနေသေးတဲ့ ဖုန်းခေါ်လို့ ရသေးတာတော်သေးတယ်။
ဖေဖေ့ ကိုသက်ထားတို့ ဒီလိုဖြစ်တာမပြောပဲ...ဒီလမ်းကွေ့ ကိုလာဖို့ အေးအေးဆေးဆေးပြောပြီးခေါ်လိုက်တယ်...
ဖေဖေရောက်တော့အခြေနေမှန်ကိုသိပြီး...ဆိုးရိမ်သွားတယ်.....သားဘာဖြစ်လဲသမီးဘာဖြစ်လဲနဲ့ ပေါ့...
သူဌေးမဆီဖုန်းဆက်ပြီးခေါ်တယ်......ဆေးရုံသွားဖို့ ပြင်တယ်.....အရေးပေါ်ကားတွေကလဲရောက်မလာနိုင်ဘူး.....
သက်ထားလဲကိုကို့ ကိုဆေးရုံလိုက်ပို့ ပေးပါအမြန်ပို့ ပေးပါငိုယိုပြီးပြောရတာပေါ့..ဖေဖေလဲသက်ထားကိုပိုစိတ်ပူပြီး..
သက်ထားဘာဖြစ်လဲကြည့်ပြီး....ဘာမှမဖြစ်တော့အိမ်ပြန်ပို့ ခဲ့တယ်....တကို ယ်လုံးလဲအေးစက်တုန်နေပြီလေ...ကိုကို့ ကိုသူဌေးမကားနဲ့ဆေးရုံပို့ ခဲ့တယ်...ပြီးမှဖေဖေလိုက်သွားတယ်...
.အဲတော့မှအင်္ကျီင်္လဲဖို့ လုပ်တော့သက်ထားလက်တော်တော်လေးနာနေတာသိလိုက်ရတယ်.....
ကိုကိုကနောက်ရက်မနက်မှဆေးရုံကဆင်းခွင့်ရတယ်....ခေါင်းကွဲရုံပဲတဲ့ ...၇ချက်ချုပ်လိုက်ရတယ်....
သက်ထားကတော့လက်ကတော်တော်နာနေလို့ ..ဓါတ်မှန်ရိုက်ကြည့်ပါတယ်....မကျိုးတော့မကျိုးပါဘူး...
ကိုကိုကအိမ်ပြန်ရောက်တော့သူကားနဲ့ ထွက်သွားတာသိတယ်...
အဲဒီလမ်းကွေ့ ရောက်တဲ့ နောက်ဘာတွေဖြစ်လဲဘာမှမသိတော့ဘူး.....ဘာမှလဲမမြင်ရတော့ဘူးတဲ့ လေ...
 တချို့ တွေပြောတာတော့လမ်းကွေ့ ကကားတွေတော်တော်များများမှောက်ဖူးတယ်..လူလဲသေဖူးတယ်..ဒါကြောင့်ဖြစ်တာတဲ့ ...
သက်ထားချစ်ရတဲ့ ကိုကို ဒီအဖြစ်ဆိုးမျိုးတွေနောက်ဘယ်တော့မှမတွေ့ ရပါစေလို့ သက်ထားအမြဲဆုတောင်းနေမိတယ်။
ခုဆိုကိုကိုအသက်(၃၃)နှစ်တောင်ရောက်ပြီလေ....ကိုကို့ တွက်ညီမလေးမွေးနေ့ ပွဲဆိုတာမလုပ်ပေးနိုင်ပေမဲ့ ...
ညီမလေးရင်ထဲမှာအရမ်းကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ ပွဲတခုကိုကို့ တွက်လုပ်ပေးနေတယ်ဆိုတာကိုကိုသိပါစေ။
ကိုကိုရဲ့ ဒီညီမလေးကိုကို့ ကိုဘယ်လောက်ချစ်တယ်ဆိုတာကိုကိုသိနိုင်ပါစေ။
ကိုကိုဘေးရန်ကင်းလွတ်စွာနဲ့ ထာဝရအသက်ရှင်နေနိုင်ပါစေ။
ကိုကိုမိသားစုနဲ့ ကိုကိုပျော်ရွှင်နိုင်ပါစေ။
ညီမလေးကိုမွေးကင်းစထဲကကြည့်ရူထိန်းကျောင်းလာပေးတဲ့ တွက်ကိုကို့ ကိုမိဘနဲ့ တန်းတူကန်တော့လျှက်ပါကိုကိုရယ်။
ညနေကိုကိုအလုပ်ကပြန်လာရင်....ညီမလေးကိုကို့ တွက်အနမ်းလက်ဆောင်လေးပေးဖို့ စောင့်နေတယ်နော်...............။
4 comments:
  1. မွေးနေ့ရှင်ကိုဆုတောင်းခဲ့ပေးပါတယ်နော်
    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
    လိုအင်တွေပြည့်ဝပါစေလို့
    ခင်ခင်မင်မင် jasmine
    ReplyDelete
    Replies
    1. ကလေးမပျောက်နေသလာလို့
      အဆင်ပြေတယ်ဟုတ်
      Delete
  2. ဟုတ် လာလည်ပါတယ် အညာသူမေ၇
    ReplyDelete