Thursday, November 24, 2011

***မင်းတွက်အဆင်သင့်***

ဟိတ်.....လက်မြှောက်....
မင်းမာနကိုအောက်ချ...
မင်းအသဲနှလုံးကို ငါ့လက်ထဲ ထဲ့ ...
မင်းအကြင်နာတရားတွေပါပေး...
မင်းမေတ္တာတွေလဲချန်မထားနဲ့ ....
မင်းခန္ဒာကိုယ် ကိုငါသိမ်းပိုက်မယ်.....
မင်းအချစ်တွေအားလုံး ငါ့တယောက်ထဲတွက်ပဲဖြစ်ပါစေ။
အဲ့လိုသာမင်းအချစ်တွေကိုဓါးပြတိုက်ခဲ့ ရင်....
မင်းကိုငါချစ်ခဲ့တာပါ......မင်းစိတ်ချမ်းသာဖို့ ...
မင်းကျေနပ်တာ မင်းလုပ်ပါ...
မင်းကိုငါချစ်ခဲ့ တဲ့တွက် ငါဘယ်လိုပဲခံစားရပါစေ.....
မင်းပျော်မယ်ဆိုရင်...
ငါ့မာနကိုအောက်ချ....
ငါ့အသဲနှလုံးကိုအပျင်းပြေမင်းဆော့ကစားလို့ ...
ငါ့အကြင်နာတွေက မင်းကိုအမြဲကြင်နာနေမယ်.....
ငါ့မေတ္တာတရားလဲမင်းတွက်ရှိနေမြဲပါ။
ငါ့ခန္ဒာကိုယ်ဟာ..မင်းတွက်အနှောက်ယှက်ဖြစ်ခဲ့ ရင်...
အဝေးတနေရာမှာငါနေပေးပါ့မယ်....
မင်းပြောခဲ့ သလို ငါတော်ရာမှာသွားနေပါ့မယ်....
ငါ့ရဲ့ ကိုယ်ခန္ဒာအဝေးမှာရောက်နေပေမဲ့ ...
င့ါစိတ် ငါ့အသဲ ငါ့အကြင်နာ ငါ့မေတ္တာတွေမင်းအနီးမှာပါ.....
လိုသလိုအသုံးချပါတော့ကွာ..................မင်းတွက်အဆင်သင့်ပါ။
                                                                                           နိုဝင်ဘာ 9, 2011 at 9:30am

3 comments:

  1. ဖတ်သွားပါကြောင်း
    တစ်ယောက်ထဲလား
    အဖော်မရှိဘူးလား

    ReplyDelete
  2. ဓါးမြတော့မတိုက်ပါနဲ့
    လိုချင်တာအပုန်ယူသွားပါတော့နော်
    ခင်ခင်မင်မင် jasmine
    follower လဲလုပ်ခဲ့တယ်နော်

    ReplyDelete
  3. ဖတ်ကြည့်လိုက်တယ်နော်
    သိပ်ကာင်းတယ်

    ReplyDelete