Wednesday, February 8, 2012

***ငါခတ္တပြန်လာမယ်နော်...***(မေသက်ထားဝင်း)

ဟိုးအရင်အတိတ်ဆီက ဆောင်းအကုန်နွေအကူး...
မုန်းမိခဲ့ တဲ့ နွေကျောင်းပိတ်ရက်။
တမာနံတွေသင်းလာလို့ ...
သစ်ရွက်ခြောက်သံတွေကြားငါ...
အတိတ်နေ့ ရက်က လွမ်းမောဖွယ်ရာနေ့ ရက်တွေဟာ...
ခုတော့ခတ္တမေ့ လျှော့ ပြန်ဆုံဖို့ အရေး
တွေးတောလျှက်ပါ ...
စောင့်မျှော်နေနော်....
ရွှေရင်တစုံခုန်လို့ ...
ငါလှမ်းခဲ့ မယ်။
ငါခင်တွယ်တဲ့ မြို့ .....
ငါသဘောကျတဲ့ ရေပြင်ကျယ်ကန်ကြီးရယ်...
ငါဦးခိုက်ဖူးမျှော်နေကြ ဘုရားစေတီ..
ငါနှစ်သက်တဲ့ တမာတောတန်း...
ငါခြေရာတွေထပ်ကာကျနေတဲ့ ဒီမြေ။
ငါချစ်တဲ့ ဆွေမျိုးမိတ်ဆွေ...
ရင်ဖွင့်ဖေါ် ရင်ဖွင့်ဘက်။
ဆိုးဖေါ်ဆိုးဘက်။
ငါ့သူငယ်ချင်းတွေ နွေးထွေးတဲ့ လက်အစုံကမ်းလို့ ။
ငါအားယူရင် ပြန်လာခဲ့ မယ်။
ထီလာကန်ပြင်ကျယ်ကြီးရေ.........
တမာတောတန်းနဲ့သစ်ရွက်ခြောက်တွေကြား....
ငါ ခတ္တပြန်လာမယ်နော်...............
နွေးထွေးလှိုက်လှဲစွာကြိုဆိုနေပါနော်။

No comments:

Post a Comment