Monday, May 7, 2012

မြန်မာဖြစ်တာရှက်စရာလား???

  နိုင်ငံခြားယောက်မြန်မာတယောက်အေ
နနဲ့  
ကိုယ်တွေ့ အဖြစ်ပျက်ဆောင်းပါလေးရေးပေးပါလားညီမလေးလို့ 
သက်ထားကိုပြောနေတာကြာပါပြီ။ဒါနဲ့ ပဲရေးဖြစ်တာက မြန်မာတွေမြန်မာဖြစ်ရတာရှက်နေတဲ့ အကြောင်းလေးကိုပါ။
သက်ထားတို့ နေတဲ့ ထိုင်းမှာ မြန်မာအလုပ်သမားအများကြီးပါ။ထားဝယ်လူမျိုး မွန်လူမျိုး ကရင်လူမျိုးတွေများပါတယ်။
ဘာလူမျိုးပဲဖြစ်ဖြစ် သူတို့ ဟာ မြန်မာနိုင်ငံဆိုတဲ့ မြေကြီးပေါ်မှာမွေးဖွါးလာကြတာပါပဲ။မြန်မာသွေးပါနေတာတော့အသေချာပဲလေ။
ဈေးဆိုင်တဆိုင်ဈေးသွားဝယ်ကြည့် ဈေးရောင်းသူရဲ့ ပြောဆိုသံကိုနားထောင်ပြီး မြန်မာလူမျိုးလား ထိုင်းလူမျိုးလားဆိုတာသိနိုင်ပါတယ်။
မြန်မာမှန်းသိလို့  ကိုယ်ကမြန်မာလို ပြောကြည့် သူတို့ ကမကြိုက်ဖူးရှင့် မြန်မာမှန်းသိသိကြီးနဲ့  ကိုယ့်ကိုမြန်မာလို မပြောရကောင်းလားဆိုပြီးစိတ်တိုမိပါတယ်။
အဲ့ လိုသူကမြန်မာလိုမပြောပဲထိုင်းလိုပြောပြန်တော့ ကိုယ်ပြောတဲ့ စကားကိုသူကနားလည်လားဆိုတော့လဲ လုံးစေ့ပတ်စေ့နားမလည်ပြန်ပါဘူး။
ဒါနဲ့ ဆိုင်ရှင်လာမှ ဆိုင်ရှင်နဲ့ ကိုယ်နဲ့ ပြောမှကိုယ်ပြောတဲ့ ပစ္စည်းရပါတယ်။တကယ်ဆိုကိုယ်မြန်မာပဲ မြန်မာစကားပြောတတ်တာပဲ ပြောတတ်တဲ့ စကားကိုမပြောပဲ။
ကိုယ့်ကိုမြန်မာမှန်းသိမှာဆိုးလို့  ထိုင်းလိုမှုတ်တော့ရော ထိုင်းလိုကောင်းကောင်းမရ အဲ့ဒါမှပိုတောင်အရှက်ကွဲသေးတယ်။
 တရက်ကမှတ်မှတ်ရရ(၂၃.၄.၂၀၁၂)ကပါ။ထိုင်းကမြဘုရားကိုသက်ထားဆိုင်ရှင်နဲ့ လိုက်သွားပါတယ်။
အပြန်ရောက်တော့ ယိုးဒယားသဘောင်္သီးထောင်းဝင်စားကြပါတယ်။
အဲ့ ဒီ့ဆိုင်ကဆိုင်ရှင်ကလွဲလို့  ကျန်တာမြန်မာတွေချည်းပါပဲ။စားဖိုမှူးကအစမြန်မာပါပဲ ထိုင်းနိုင်ငံရုပ်ရှင်မင်းသားမင်းသမီးတွေတောင်အမြဲလာစားကြတဲ့ ဆိုင်ပါ။
သက်ထားချီးကျူးမိပါတယ် ကိုယ့်မြန်မာတွေ တိုင်းတပါးကနာမည်ကြီးစားသောက်ဆိုင်မှာစားဖိုမှူးဖြစ်ခွင့်ရလို့ လေ။ကိုယ့်လူမျိုးကွ လို့ ဂုဏ်ယူစိတ်နဲ့ စိတ်ထဲကကျိတ်ပြီးရေရွတ်မိပါတယ်
ဒါပေမဲ့ သူ့ တို့ ကိုချီးကျူးမိတာခဏပါ ချီးကျူးချင်စိတ်တောင်ဘယ်ပျောက်သွားလဲမသိပါဘူး။
စားစရာမှာတော့ သက်ထားနဲ့ အတူပါပဲသက်ထားဆိုင်ရှင်ထိုင်းမ ဟာဟိုဟာပေးပါ ဒီဟာပေးပါ။
သူလိုအပ်တာတွေမှာတာပေါ့။ဒီတော့သက်ထားတို့ စားပွဲကိုတာဝန်ယူတဲ့ မြန်မာမလေးဟာ"မပေးဘူး"မြန်မာလိုပြောတာပါ။
သူကသက်ထားကိုမြန်မာမှန်းသိပုံမပေါ်ဘူး။သူပြောတာကိုနားမလည်ရှာတဲ့ ထိုင်းမ က သက်ထားကိုလာမေးတယ်။ဘာပြောတာလဲတဲ့ 
သူပြောတဲ့ ဟာကိုသာပြောလိုက်ရင်ထိုင်းမ က ကိုယ့်မြန်မာကိုစိတ်ကွပ်မယ်ပြီးရင်ဆိုင်ရှင်ကိုပြောပြီး အလုပ်ထုတ်လိုက်နိုင်တယ်လေ။
ဒါကြောင့် သက်ထားကမသိသလိုမကြားသလိုလုပ်လိုက်မိပါတယ်။
အားလုံးလဲစားသောက်ပြီးလို့ ပိုက်ဆံရှင်းတော့ ထိုင်းမ က သူတို့ တွေကိုချီးမွမ်းတာကဒီလိုပါ။
"ဆိုင်ကမြန်မာမလေးတွေအကုန်လှတယ်နော် စားစရာတွေကလဲအကုန်စားကောင်းတယ် တော်လိုက်တာ"
ဒါကိုကောင်မလေးကဂုဏ်ယူပြုံးလေးပြုံးရမဲ့ အစား ထိုင်းမ ကသူ တို့ ကိုနှိမ်တယ်လို့ ယူဆပြီးဒီလိုပြောတာရွဲ့ ပြောတာလို့ မှတ်ယူနေပါတယ်။
သူတို့ အချင်းချင်း တွတ်ထိုးနေတာသက်ထားကြားခဲ့ ရပါတယ်။
"ထိုင်းတွေများအံ့သြပါရဲ့မြန်မာမှန်းသိသိကြီးနဲ့ မြန်မာမြန်မာနဲ့ ခဏခဏပြောနေကြတယ်"တဲ့  ကဲ စဉ်းစားကြည့်ကိုယ်မြန်မာမို့ သူတို့ မြန်မာလို့ မှတ်ယူတာ နာစရာလားရှင်။
မြန်မာလူမျိုးဖြစ်ရတာ ဘာတွေများရှက်စရာဖြစ်နေလဲလို့ သိချင်ပါတယ်။
"မြန်မာနိုင်ငံကြီးက ဘာမဆိုသူများနောက်ကောက်ကျနေလို့ "တဲ့ 
မြန်မာနိုင်ငံကြီးနောက်ကောက်ကျတာ ကျတော့ပြောတယ် သူတို့ ဆက်ဆံပုံကအောက်တန်းကျနေတာကျတော့ထည့် မပြောဘူးနော်။
အဲ့ လိုလူတွေများနေလို့  မြန်မာနိုင်ငံဒီလိုဖြစ်နေတာ ထင်းစည်းပုံပြင် လိုပေါ့။
အနဲနဲ့ အများ အများကိုဖြိုခွဲလို့ မရဘူး။အနဲကိုဖြိုခွဲလို့ ရတယ်ဆိုတာ မူလတန်းကျောင်းထိပညာတတ်ထားတဲ့ သူတွေအကုန်သိလောက်ပါတယ်။
ကိုယ့်နိုင်ငံ ကိုယ့် လူမျိုး ကိုယ့်စာပေ ကိုယ့်စကားကို ကိုယ်ကိုတိုင်ချစ်မှရမယ်လေ။သူများနိုင်ငံမှာအကြောင်း ကြောင်းကြောင့်လုပ်ကိုင်စားသောက်နေရလဲ မြန်မာအချင်းချင်းစည်းလုံးကြမယ်ဆိုရင်
အလုပ်ရှင်တွေ အလုပ်သမားတွေကိုချိုးနှိမ်တယ်ဆိုတာတွေ လဲကြားရမှာမဟုတ်ပါဘူး။
ဒီလိုခံနေကြရတာ ကိုယ့်လူမျိုးကို ကိုယ်မချစ် မခင်တွက်လို့ ပါပဲ။
            မြန်မာလူမျိုးတယောက်ကမြန်မာ မဖြစ်ချင်တဲ့ သက်ထားလက်ရှိဆိုင်မှာ သက်ထားနဲ့ လုပ်ဖေါ်မြန်မာအလုပ်သမားတယောက်ရှိပါတယ်။
သူက ကရင်လူမျိုးပါ။သက်ထားဒီဆိုင်ကိုအလုပ်စဝင်တဲ့ နေ့ က သူ့ ကိုမြန်မာလို့ နှတ်ဆက်မိပါတယ်။သူက ဘာမှပြန်မပြောဘူးရှင့် ပြုံးတောင်ပြုံးမပြပါဘူး။
တအောင့်လောက်ကြာတော့မှ သူကထိုင်းလိုလာပြောတယ် သူထိုင်းကိုရောက်တာ(၁၁)နှစ်ရှိပြီမို့  မြန်မာစကားမပြောတတ်တော့လို့ ပါတဲ့ 
ရယ်စရာသိပ်ကောင်းတာပဲရှင်။သက်ထားကိုမမွေးခင်ထဲက သက်ထားမိဘတွေထိုင်းကိုရောက်နေတာပါ။သက်ထားမိဘတွေ ထိုင်းမှာနေလာတာ ခုဆိုသက်ထားအသက်ထက်တောင်ကျော်နေပါပြီ။
သက်ထားကိုလဲထိုင်းမှာမွေးခဲ့ တာပါ အသက်(၂၂)နှစ်တောင်ရောက်ခဲ့ ပြီ။
ဒါပေမဲ့ သက်ထားမြန်မာလူမျိုးစစ်စစ်ပါလို့ လူတိုင်းကိုပြောခဲ့ ပါတယ်။သက်ထားကျောင်းနေအရွယ်ရောက်တော့မိဘတွေကမြန်မာစစ်စစ်မို့  ဘယ်မြေပေါ်မှာမွေး မွေး ကိုယ့်သမီးဟာမြန်မာပဲ မြန်မာစာပေပညာတတ်ရမယ်ဆိုပြီး မြန်မာနိုင်ငံကိုပို့ ပြီးကျောင်းထားခဲ့တာပါ။
ထားပါတော့ ဒါဟာသက်ထားမိဘတွေနေလာတဲ့ အချိန်ကာလနဲ့  သက်ထားလုပ်ဖေါ်ကိုင်ဖက်မြန်မာမလေးရဲ့(၁၁)နှစ်ဆိုတဲ့ ကာလကိုနှိုင်းယှဉ်ပြတာပါ။
ဒီလိုသာဆိုရင်သက်ထားမိဘတွေလဲမြန်မာစကားမပြောတတ်တော့ဘူးတဲ့ လား။
သူ့ လို(၁၁)နှစ်လောက်နဲ့  မြန်မာစကားကိုမပြောတတ်တော့ဘူးတဲ့  ညနေအလုပ်သိမ်းလို့ သက်ထားမိဘတွေဆီဖုန်းဆက်ရင်သက်ထားပြောသမျှသူအကုန်နားလည်တယ်။
သက်ထားလိုင်းပေါ်တက်လို့  စာလေး ကဗျာလေးတွေဖတ်ရင် သူလဲလာဖတ်တယ်။
ပြောတဲ့ စကားလဲနားလည်တယ် ဖတ်လဲဖတ်တတ်တဲ့ သူကမပြောတတ်ဖူးဆိုတာသိပ်ထူးဆန်းပါတယ်။
သူ့ ကိုသက်ထားအမြဲပြောတယ် မြန်မာစကားမပြောတာနဲ့ ပါတ်သက်ပြီး အမြဲစကားနာထိုးခဲ့တယ်။
နောက်ပြီးသူပြောသေးတယ် မြန်မာပြည်ပြန်ရင် ထမီမဝတ်ချင်ဘူးတဲ့  သက်ထားအရမ်းအံ့သြမိပါတယ်ရှင်။
သူလို မြန်မာလူမျိုးတယောက်မြန်မာပြည်ကမွေးလာတာသက်ထားရင်နာရပါတယ်။
သူ့ နေရာအလိုက်ဝတ်စားဆင်ယင်ရမှာမှန်ပါတယ်။သက်ထားလဲထိုင်းကသူတွေဝတ်သလိုဝတ်တာပါပဲ။
ဒါပေမဲ့ သူ့ လို မြန်မာထမီနဲ့ အကျီင်္ံဝတ်ရမှာကြောက်တယ်မဝတ်ချင်ဘူးဆိုတာမျိုးစိတ်တော့နဲနဲလေးမှမတွေးခဲ့မိပါဘူး။
သက်ထားမြန်မာပြည်ပြန်တုန်းက မြန်မာဝတ်စုံလေးတွေဝတ်ရတာအရမ်းကျေနပ်တယ်။
မိဘတွေကတောင် လူကြားထဲထမီ မမြဲပဲဖြစ်မယ်တဲ့  ။သက်ထားမြန်မာမိန်းခလေးတယောက်ပါ ထမီဆိုတာကိုမြန်မာမိန်းခလေးတယောက်ဖြစ်ပြီးမဝတ်တတ်ဖူးလို့ ပြောတာမခံချင်ပါဘူး။
မခံချင်လို့ လဲဝတ်ခဲ့တယ် ကျန်တဲ့ မြန်မာမိန်းခလေးတွေကိုလဲဒီလိုပဲဖြစ်စေချင်တယ်။
ရောမ ရောက်ရင်ရောမလိုကျင့်ရမယ်ဆိုသလို ရောမကပြန်လာရင်တော့ကိုယ်နေရာကအဝတ်စားကိုတော့မြတ်နိုးသင့်ပါတယ်။
မြန်မာဝတ်စုံလေးဟာကိုယ့်ကိုယုံကြည်စိတ်ချမှု့ ရှိစေတယ်။
ဘာလို့ လဲဆိုတော့မြန်မာယောကျာင်္းလေးအများစုဟာမြန်မာမိန်းခလေးတွေကိုမြန်မာလိုဝတ်ဆင်တာကိုသဘောကျကြတယ်
မြန်မာလိုလေးဝတ်ထားလို့ ကဲ့ ရဲ့မဲ့ သူမရှိပါဘူး ချီးမွမ်းမဲ့ သူသာရှိလာမှာပါ။
သက်ထားတော့မြန်မာပြည်ကထုတ်တဲ့ ချည်ထည် ပိုးထည်လေးတွေကိုသဘောကျတယ်။
ချည်ထည် ပိုးထည်မှမဟုတ်ဖူး မြန်မာပြည်ကပစ္စည်းမှန်သမျှကြိုက်တယ်လို့ ပြောရဲပါတယ်။
မြန်မာပြည်ကဆန်ရေစပါးပေါတယ်။မြေအောက်သယံဇာတတွေပေါတယ်။လည်ပါတ်ချင်စရာ အပန်းဖြေစရာတွေပေါတယ်။
ဆန်စပါးတွေပေါတယ် သယံဇာတတွေထွက်တယ် ဒါပေမဲ့ ကိုယ်တွေမသုံးရဘူး နိုင်ငံခြားပဲပို့ နေတာလို့ မတွေးပါနဲ့ ။
နိုင်ငံတကာက မြန်မာနိုင်ငံမှာဒါတွေပေါတယ်လို့ ချီးကျူးမှု့ ကိုဂုဏ်ယူတတ်အောင်ယူပါ။
ဒီပစ္စည်းတွေကိုယ်မသုံးရပေမဲ့  သူများနိုင်ငံကချီးမွမ်းချင်းခံရတယ်။
သူများနိုင်ငံတွေ တော်ကြာငလျှင် တော်ကြာရေကြီး တော်ကြာဆူနာမိ။
မြန်မာနိုင်ငံလဲမခံရဘူးမဟုတ်ပါဘူး ဒါပေမဲ့ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်အနဲကျဉ်းလောက်ပါပဲ။
တကယ်ဆိုရင်မြန်မာလူမျိုးအဖြစ်တခြားနိုင်ငံမှာနေရတာဂုဏ်ယူပါတယ်။
သူတို့ ဆီမှာစေတီပုထိုးဆိုတာရေတွက်လို့ ရတယ်။မြန်မာနဲ့ လာယှဉ်မလား သူတို့ နိုင်ငံမှာရှိတယ်ဆိုတာမြန်မာပြည်ကတောရွာလေးတခုကစေတီပုထိုးလောက်ပဲရှိတာပါ။
တနေရာသွားလို့ ရေဆာရင် နီးရာဈေးဆိုင်ဝင်ဝယ်မှရတာ မြန်မာပြည်မှာရေကုသိုလ်ရှင်တွေပေါမှပေါ။
ဆိုင်ကဝယ်ရင်ရေခဲသေတ္တာထဲကအေးအေးလေးရပေမဲ့  မြန်မာပြည်ကရေကုသိုလ်ကရေခဲသေတ္တာမပါပဲသဘာဝမြေကြီးအိုးနဲ့ အေးစိမ့်နေတာမြန်မာလူမျိုးတယောက်အနေနဲ့ မသိပဲမနေပါဘူးနော်။
အသီးအနှံဆိုလဲ သူတို့ နိုင်ငံမှာဓါတ်မြေသြဇာတွေအများကြီးကျွေးပြီး ထွက်လာတဲ့ အသီးအနှံရဲ့အရသာဟာ
မြန်မာပြည်ကအရသာနဲ့ ယှဉ်လို့ မရပါဘူး။သူတို့ မှာမြေအောက် ရေအောက်သယံဇာတကအစ မြန်မာကရောင်းမှသုံးရစွဲရတာ။
သူတို့ တွက်မြန်မာပြည်ဟာအရမ်းအရေးပါနေတာထင်ပေါ်နေပါတယ်။
ခုဆိုမြန်မာနိုင်ငံကြီးဟာအရင်လိုမဟုတ်ပဲ တိုးတက်လာပြီလေ ဒီချိန်မှာသူတို့ ကြောက်နေတာရှိတယ်။
"မြန်မာလူမျိုးတွေ သူတို့ ဆီမှာအလုပ်မလုပ်တော့ပဲ သူတို့ မြန်မာနိုင်ငံကိုသာပြန်သွားကြရင် ငါတို့ တော့ရေစုန်မျှောပြီ"တဲ့ 
ကဲ ဒီလောက်ဆို မြန်မာပြည်ဟာ အစစ အရာရာသူများထက်သာတယ်ဆိုတာပေါ်လွင်ပါပြီနော်။
ဒါကြောင့် မြန်မာလူမျိုးချင်းစည်းလုံးမယ်။
တဦးပေါ်တဦးကူညီဖေးမမယ်။
ကိုယ့် ကိုကိုယ်မြန်မာလူမျိုးလို့ ခံယူရဲမယ်။
ကိုယ်ဟာမြန်မာပါလို့ သူတို့ ကိုဂုဏ်ယူစွာပြောတတ်မယ်ဆိုရင် တိုင်းတပါးသားတွေ မြန်မာလူမျိုးတွေကိုအထင်ကြီးလာကြမှာအမှန်ပါပဲ။
မြန်မာပြည်ကြီးဘယ်လောက်မကောင်းဘူးပြောပြော သက်ထားကတော့မြန်မာပြည်ကြီးကိုမြတ်နိုးတာအမှန်ပါ။
သက်ထားကိုမြန်မာပြည်ပြန်ချင်လားလို့ ဘယ်ချိန်လာမေးမေး။
တရေးနိုးလာမေးလဲ မြန်မာပြည်ကိုအမြန်ဆုံးပြန်ချင်ပါတယ်လို့ ဖြေမိမှာပါပဲရှင်။
မြန်မာလူမျိုးတိုင်းအချင်းချင်းစာနာကူညီ စည်းလုံးစွာနဲ့ မြန်မာ့ဟေ့လို့ ဂုဏ်ယူစွာပြောနိုင်ကြပါစေ။

No comments:

Post a Comment