လမင်းကြီးရေ....
ခိုးကြည့်ခွင့်သာရခဲ့ တဲ့ငါ့ဘဝ..
လမင်းကြီးနားမှာအနီးကပ်ဝန်းရံနေတဲ့ ..
ကြယ်လေးတပွင့် ငါမဖြစ်ခဲ့ ရဘူး။
ခပ်ဝေးဝေးတနေရာက လှမ်းငေးငေးနေရ..
လမင်းကြီးက ငါဆိုတဲ့ ကြယ်တပွင့်ကိုအလေးမထား။
ငါ့ စိတ်တွေဟာ...
လမင်းကြီးနားမှာအနီးကပ်နေရတဲ့ ကြယ်လေးတွေကိုမနာလိုဖြစ်။
လမင်းကြီးတွက်လိုအပ်တာတွေဖြည့်စည်းခွင့်....
ပေးစပ်ခဲ့ တဲ့ငါ့အခွင့်ရေး...ထိုက်တန်စွာနဲ့ ခံယူရင်း...
တကယ်တော့ လမင်းကြီးဘဝဟာဘာမှမလိုအပ်တော့ပါဘူး....
အရာရာပြည့်စုံနေပြီဖြစ်တဲ့ လမင်းကြီးရယ်.....
ငါဟာကြွေကျသွားတဲ့ ကြယ်ပွင့်လေးလို .....
မင်းအနားရောက်အောင်သွားဖို့ မဖြစ်နိုင်တော့တာသိလိုက်ပါပြီကွာ။
မင်းအဆင်ပြေနေတာတွေ...မင်းပျော်ရွှင်နေတာတွေကို....
ငါဟာအရာရာရှူံးနိမ့်...ဝေစရာအပြုံးမဲ့ လို့ ....
သက်ထားရဲ့ ခံစားချက်တွေကိုဖတ်ရှူပေးတဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်လျှက်........နိုဝင်ဘာ 12, 2011 at 9:11pm
No comments:
Post a Comment